အိမ္အကူမကရင္မအမႈ ေက်ေအးခြင့္မေပးရန္ ရဲတပ္ဖြဲ႕မွတ္ခ်က္ျပဳ



Zawgyicode

အိမ္အကူမကရင္မအမႈ ေက်ေအးခြင့္မေပးရန္ ရဲတပ္ဖြဲ႕မွတ္ခ်က္ျပဳ

တြံေတးၿမိဳ႕နယ္ေန အိမ္အကူမကရင္မ အသတ္ခံရသည့္ အမႈတြင္ မကရင္မအေမ ေဒၚလွလွဝင္းက ေက်ေအးလႊာတင္သြင္းခဲ့ေသာ္လည္း ခရိုင္ရဲတပ္ဖြဲ႕မွ ေၾကေအး႐ုတ္သိမ္းရန္ မသင့္ဟု သေဘာထား မွတ္

ခ်က္ေပးခဲ့ေၾကာင္း သိရသည္။“မကရင္မ အေမ ေဒၚလွလွဝင္းက ခရိုင္ဥပေဒ႐ုံးကို အမႈေက်ေအးလႊာ တင္တယ္။ ခရိုင္ဥပေဒ႐ုံးကေနၿပီးေတာ့မွ တရားစြဲ အဖြဲ႕အစည္းျဖစ္တဲ့ ခရိုင္ရဲတပ္ဖြဲ႕ကို ေပးပို႔တယ္။ ေ

ပးပို႔ေတာ့ ခရိုင္ရဲတပ္ဖြဲ႕ကေနၿပီးေတာ့မွ ေက်ေအးတာနဲ႕ ပတ္သက္ၿပီးေတာ့ မေထာက္ခံဘူးလို႔ ကန႔္ကြက္စာကို တရား႐ုံးကို မိတၱဴျပန္ေပးတယ္” ဟု တရားလိုေရွ႕ေန ေဒၚစန္းစန္းျမင့္ က ေျပာသည္။

ေက်ေအးခြင့္ျပဳ၊ မျပဳကို တရား႐ုံးမွ အမိန႔္ခ်မည္ျဖစ္ၿပီး တရားလိုကိုယ္တိုင္ တင္သြင္းျခင္း မဟုတ္သျဖင့္ ေက်ေအးခြင့္ ရနိုင္သည့္ အေျခအေနမရွိေၾကာင္းတရားလိုေရွ႕ေနက သုံးသပ္သည္။“႐ုတ္သိမ္းခြင့္ ေ

လွ်ာက္ထားတာက တရားလိုကိုယ္တိုင္က ေလွ်ာက္ထားရမွာ ဒီအမႈမွာက တရားလိုက ဦးေအးေသာင္းေလ။ တရားလိုလည္း မဟုတ္ဘူး ေသဆုံးသူ မကရင္မ အေမက ေလွ်က္ထားတာ ျဖစ္တဲ့အတြက္ ေက်ေအးခြင့္ ရမယ္လို႔ေတာ့ မထင္ဘူး။ ဥပေဒအရကို ရစရာ အေၾကာင္းမရွိဘူး” ဟု သူက ေျပာသည္။

အိမ္အကူ မကရင္မ ေသဆုံးမႈတြင္ သံသယ တရားခံ ျဖစ္သည့္ ေဒၚသိဂႌစုကို ေထာင္ဒဏ္ တသက္တကြၽန္း အထိ အျပစ္ေပးနိုင္သည့္ လူသတ္မႈ ပုဒ္မ ၃၀၂ (၂) ျဖင့္ ဇန္နဝါရီလ ၂၃ ရက္တြင္ စြဲခ်က္

တင္ခဲ့ျခင္း ျဖစ္သည္။လူသတ္မႈ ပုဒ္မ ၃၀၂ (၂) သည္ လူသတ္မႈ က်ဴးလြန္လွ်င္ ထိုသူကို ေထာင္ဒဏ္ တသက္တကြၽန္း ျဖစ္ေစ ၁၀ ႏွစ္ အထိ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ျဖစ္ေစ ခ်မွတ္ရမည့္ အျပင္ ေငြဒဏ္လည္း ခ်မွတ္နိုင္သည္ဟု ျပ႒ာန္းထားသည္။

ထိုကဲ့သို႔ ေက်ေအးလႊာတင္သြင္းမႈသည္ မလုပ္သင့္သည့္ လုပ္ရပ္ျဖစ္ေၾကာင္းႏွင့္ ေသဆုံးသူမကရင္မ ကိုယ္တိုင္ႏႈတ္က ေျပာၾကားခ်က္မ်ားကိုသာ သက္ေသထြက္ဆိုေပးျခင္းျဖစ္ေၾကာင္း ခတၳိယေက်း႐ြာအုပ္စု၊

အုပၹိုလ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးဝဏၰစိုး က သုံးသပ္သည္။“ဒါက မလုပ္သင့္ဘူးလို႔ထင္တယ္။ သူ႕သမီးနစ္နာတယ္ထင္ၿပီးေတာ့ လုပ္တဲ့ကိစၥ မဟုတ္ဘူး။ သူ႕သမီးပါးစပ္က ေျပာသြားလို႔ ဒီဘက္က သက္ေသလိုက္ထြက္ေပးတာ။ စမ္းတဝါးဝါးနဲ႕ လိုက္ထြက္တာမွ မဟုတ္တာ” ဟု ၎ ကဆိုသည္။

ေသဆုံးသူ အိမ္အကူ မကရင္မသည္ တပ္မေတာ္ အရာရွိ ဇနီး ေဒၚသိဂႌစု ေနအိမ္တြင္ အိမ္အကူ လုပ္ကိုင္ခဲ့ျခင္းျဖစ္ၿပီး ယမန္ႏွစ္က တြံေတးၿမိဳ႕နယ္ ခတၳိယေက်း႐ြာ အုပ္စု၊ အုပၹိုလ္ေက်း႐ြာရွိ ၎ေနအိမ္သို႔

တပ္မေတာ္ အရာရွိ၏ ဇနီး၊ ဥပေဒ အရာရွိလည္း ျဖစ္သည့္ ေဒၚသိဂႌစုက လာေရာက္ ပို႔ေဆာင္ခဲ့ၿပီးေနာက္ ၁ နာရီခန႔္ အၾကာတြင္ ေသဆုံးခဲ့ျခင္း ျဖစ္သည္။အိမ္အကူ မကရင္မသည္ ဝမ္းဗိုက္ ဒဏ္ရာေၾကာင့္ အူေပါက္ ေသဆုံးျခင္း ျဖစ္ေၾကာင္း တရား႐ုံးတြင္ တြံ႕ေတးၿမိဳ႕နယ္ ျပည္သူ႕ေဆး႐ုံမွ လက္ေထာက္ ဆရာဝန္က သက္ေသ ထြက္ဆိုထားသည္။
Crd TheIrrawaddyBurmese

Unicode

တွံတေးမြို့နယ်နေ အိမ်အကူမကရင်မ အသတ်ခံရသည့် အမှုတွင် မကရင်မအမေ ဒေါ်လှလှဝင်းက ကျေအေးလွှာတင်သွင်းခဲ့သော်လည်း ခရိုင်ရဲတပ်ဖွဲ့မှ ကြေအေးရုတ်သိမ်းရန် မသင့်ဟု

သဘောထား မှတ်ချက်ပေးခဲ့ကြောင်း သိရသည်။“မကရင်မ အမေ ဒေါ်လှလှဝင်းက ခရိုင်ဥပဒေရုံးကို အမှုကျေအေးလွှာ တင်တယ်။ ခရိုင်ဥပဒေရုံးကနေပြီးတော့မှ တရားစွဲ အဖွဲ့အစည်းဖြစ်

တဲ့ ခရိုင်ရဲတပ်ဖွဲ့ကို ပေးပို့တယ်။ ပေးပို့တော့ ခရိုင်ရဲတပ်ဖွဲ့ကနေပြီးတော့မှ ကျေအေးတာနဲ့ ပတ်သက်ပြီးတော့ မထောက်ခံဘူးလို့ ကန့်ကွက်စာကို တရားရုံးကို မိတ္တူပြန်ပေးတယ်” ဟု တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောသည်။

ကျေအေးခွင့်ပြု၊ မပြုကို တရားရုံးမှ အမိန့်ချမည်ဖြစ်ပြီး တရားလိုကိုယ်တိုင် တင်သွင်းခြင်း မဟုတ်သဖြင့် ကျေအေးခွင့် ရနိုင်သည့် အခြေအနေမရှိကြောင်းတရားလိုရှေ့နေက သုံးသပ်သည်။“ရုတ်

သိမ်းခွင့် လျှောက်ထားတာက တရားလိုကိုယ်တိုင်က လျှောက်ထားရမှာ ဒီအမှုမှာက တရားလိုက ဦးအေးသောင်းလေ။ တရားလိုလည်း မဟုတ်ဘူး သေဆုံးသူ မကရင်မ အမေက လျှေက်ထားတာ ဖြစ်တဲ့အတွက် ကျေအေးခွင့် ရမယ်လို့တော့ မထင်ဘူး။ ဥပဒေအရကို ရစရာ အကြောင်းမရှိဘူး” ဟု သူက ပြောသည်။

အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယ တရားခံ ဖြစ်သည့် ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ်ပေးနိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် ဇန်နဝါရီလ ၂၃ ရက်

တွင် စွဲချက် တင်ခဲ့ခြင်း ဖြစ်သည်။လူသတ်မှု ပုဒ်မ ၃၀၂ (၂) သည် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ ၁၀ နှစ် အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထိုကဲ့သို့ ကျေအေးလွှာတင်သွင်းမှုသည် မလုပ်သင့်သည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် သေဆုံးသူမကရင်မ ကိုယ်တိုင်နှုတ်က ပြောကြားချက်များကိုသာ သက်သေထွက်ဆိုပေးခြင်းဖြစ်ကြောင်း ခ

တၳိယကျေးရွာအုပ်စု၊ အုပ္ဖိုလ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုး က သုံးသပ်သည်။“ဒါက မလုပ်သင့်ဘူးလို့ထင်တယ်။ သူ့သမီးနစ်နာတယ်ထင်ပြီးတော့ လုပ်တဲ့ကိစ္စ မဟုတ်ဘူး။ သူ့သမီးပါးစပ်က ပြောသွားလို့ ဒီဘက်က သက်သေလိုက်ထွက်ပေးတာ။ စမ်းတဝါးဝါးနဲ့ လိုက်ထွက်တာမှ မဟုတ်တာ” ဟု ၎င်း ကဆိုသည်။

သေဆုံးသူ အိမ်အကူ မကရင်မသည် တပ်မတော် အရာရှိ ဇနီး ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်က တွံတေးမြို့နယ် ခတၳိယကျေးရွာ အုပ်စု၊ အုပ္ဖိုလ်ကျေးရွာ

ရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။အိမ်အကူ

မကရင်မသည် ဝမ်းဗိုက် ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံ့တေးမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန်က သက်သေ ထွက်ဆိုထားသည်။
Crd TheIrrawaddyBurmese



Be the first to comment

Leave a Reply

Your email address will not be published.


*