ယေန႔ မႏၱေလး ဦးပြားဂုန္​း​ေက်ာ္​ျဖစ္ရပ္



ေထာ္လာဂ်ီတစီး ခံုးေက်ာ္တံတားမွျပဳတ္က်၍ ယာဥ္ေနာက္လိုက္ဒဏ္ရာရမႈ မႏၱေလးတြင္ျဖစ္ပြား

မႏၱေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ဦးပြားခံုးေက်ာ္တံတားအေနာက္ဘက္တြင္ ယေန႔မြန္းလြဲပိုင္းက ေထာ္လာဂ်ီတစီး အရွိန္မထိန္းႏိုင္ဘဲ ျပဳတ္က်ခဲ့သျဖင့္ ယာဥ္ေနာက္လိုက္ျဖစ္သူ ဒဏ္ရာရရွိခဲ့ေၾကာင္း အဆိုပါၿမိဳ႕နယ္ရဲတပ္ဖြဲ႕က သိရသည္။

ျဖစ္စဥ္မွာ ယင္းေန႔မြန္းလြဲပိုင္းက အဆိုပါၿမိဳ႕နယ္ ကၽြန္းလံုးဥေသွ်ာင္ရပ္ကြက္ရွိ ဦးပြားခံုးေက်ာ္လမ္း (စစ္ကိုင္းလမ္းခြဲ)အတိုင္း အေရွ႕မွအေနာက္သို႔ အသက္ ၅၀ ႏွစ္ရွိ ယာဥ္ေမာင္းဦးျမင့္ေဆြေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ ရဲမင္းၾကည္လိုက္ပါလာၿပီး ဆားအိတ္မ်ားတင္ေဆာင္လာသည့္ ေထာ္လာဂ်ီယာဥ္သည္ အဆိုပါတံတားအေနာက္ျခမ္းသို႔ေရာက္စဥ္ အရွိန္မထိန္းႏိုင္ဘဲ တံတားတြင္ တပ္ဆင္ထားေသာသံပန္းမ်ားကို ၀င္တိုက္ကာ တံတားေအာက္သို႔ ျပဳတ္က်ခဲ့ျခင္းျဖစ္သည္။

ယင္းျဖစ္စဥ္ေၾကာင့္ ယာဥ္ေနာက္လိုက္ ရဲမင္းၾကည္မွာ ယာေျခသလံုးက်ဳိး ဒဏ္ရာရရွိခဲ့ၿပီး မႏၱေလးေဆး႐ံုႀကီးသို႔ တင္ပို႔ခဲ့ၿပီး ယာဥ္ေမာင္းဦးျမင့္ေဆြကို ၿမိဳ႕နယ္ယာဥ္မႈစစ္ဌာနက အဖြဲ႕ဖြင့္စစ္ေဆးလ်က္ရွိသည္။

စိုင္းထူးခန္႔ – News Watch

Unicode

ထော်လာဂျီတစီး ခုံးကျော်တံတားမှပြုတ်ကျ၍ ယာဉ်နောက်လိုက်ဒဏ်ရာရမှု မန္တလေးတွင်ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဦးပွားခုံးကျော်တံတားအနောက်ဘက်တွင် ယနေ့မွန်းလွဲပိုင်းက ထော်လာဂျီတစီး အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျခဲ့သဖြင့် ယာဉ်နောက်လိုက်ဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါမြို့နယ်ရဲတပ်ဖွဲ့က သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့မွန်းလွဲပိုင်းက အဆိုပါမြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဦးပွားခုံးကျော်လမ်း (စစ်ကိုင်းလမ်းခွဲ)အတိုင်း အရှေ့မှအနောက်သို့ အသက် ၅၀ နှစ်ရှိ ယာဉ်မောင်းဦးမြင့်ဆွေမောင်းနှင်ပြီး ယာဉ်နောက်လိုက် ရဲမင်းကြည်လိုက်ပါလာပြီး ဆားအိတ်များတင်ဆောင်လာသည့် ထော်လာဂျီယာဉ်သည် အဆိုပါတံတားအနောက်ခြမ်းသို့ရောက်စဉ် အရှိန်မထိန်းနိုင်ဘဲ တံတားတွင် တပ်ဆင်ထားသောသံပန်းများကို ဝင်တိုက်ကာ တံတားအောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်နောက်လိုက် ရဲမင်းကြည်မှာ ယာခြေသလုံးကျိုး ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ တင်ပို့ခဲ့ပြီး ယာဉ်မောင်းဦးမြင့်ဆွေကို မြို့နယ်ယာဉ်မှုစစ်ဌာနက အဖွဲ့ဖွင့်စစ်ဆေးလျက်ရှိသည်။

စိုင်းထူးခန့် – News Watch



Be the first to comment

Leave a Reply

Your email address will not be published.


*