Nov 19, 2021 Health

ကွမ်းစားတဲ့ သူတွေ ကျောက်ကပ် ရောဂါမဖြစ်အောင် မုန်လာဥဖြူ နဲ့ ကျောက်ကပ်ဆေးတဲ့ နည်းလမ်းလေး

ကွမ်းစားခြင်းဟာ အာရှနိုင်ငံတွေမှာ တော်တော်များများက စားသုံးကြပါတယ်။ မြန်မာနိုင်ငံဟာလည်း ဟိုးရှေးယခင်တွေကတည်းက ကွမ်းစားခြင်းဟာ ရိုးရာဓလေ့ တစ်ခုလိုဖြစ်ခဲ့ပါတယ်။ ဧည့်သည်လာရင် ကွမ်းနဲ့ဧည့်ခံခြင်းဟာလည်း ထုံးတမ်းအစဉ်အလာဆိုရင်မမှားပါဘူး။ အခုနောက်ပိုင်းမှာလည်း အာရှအပြင် ဥရောပနဲ့ အနောက်အမေရိကတွေမှာပါ အသင့်စားကွမ်းထုပ်လေးတွေလည်း ပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ်။

ကွမ်းဟာ အရက်၊ နီကိုတင်းနဲ့ ကဖင်းတို့ပြီးရင် စတိုတ္ထမြောက် စွဲလန်းမှုအဖြစ်ဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ ကွမ်းစားခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာ ပရိတ်သတ်ကြီးလည်း အသိပဲဖြစ်ပါတယ်။ ကွမ်းဟာ သွားနဲ့သွားဖုံးကို ရောဂါဖြစ်စနိုင်ပါတယ်။ ခံတွင်းမှာ ကြာမြင့်စွာ ငုံထားခြင်းကြောင့်လည်း ခံတွင်းအမြှေးပါးတွေဟာ ပျက်စီရပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

ကွမ်းစားခြင်းကြောင့် ကျောက်ကပ်ကို ထိခိုက်လာပြီဆိုရင် ကုသနိုင်မယ့် ဆေးစွမ်းကောင်းတစ်လက်ကို လူမှုကွန်ယက်ကတစ်ဆင့် ရှာဖွေတွေ့ရှိတဲ့အတွက် ပရိတ်သတ်ကြီးကို ဒီဆေးနည်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။ ကျောက်ကပ်ဟာလည်း အရေးပါတဲ့ ခန္ဓာအစိတ်အပိုင်းဖြစ်လို့ အထူးဂရုပြုသင့်ပါတယ်။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်တည်ခြင်းတွေဟာ တော်တော်ကို ဆိုးရွားတဲ့ ဝေဒါနာတစ်ခုလည်းဖြစ်ပါတယ်။

ဒီလိုဝေဒါနာတွေ မခံစားဖို့အတွက် ဆေးနည်းလေးကတော့ ကျောက်ကပ်ကို ဆေးခြင်းဖြစ်ပါတယ်။ မုန်လာဥဖြူ တစ်လုံးကို ရေနဲ့ သန့်စင်အောင် ဆေးကျောပြီး ရေနည်းနည်းနဲ့ ထည့်ပြီး ကြိတ်လိုက်ပါ။ အဖက်တွေကို ထုတ်ပြီး အရည်ကို သောက်ပါ။ ဒီကြိတ်ထားတဲ့ အရည်လေးဟာ ဝမ်းထဲရောက်တာနဲ့ ခါးနာခြင်းဟာ ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။ ဒီကြိတ်ရည်ဟာ ကျောက်ကပ်ကို ချက်ခြင်း ဆေးပေးတာဖြစ်တာကြောင့် ချက်ခြင်း အာနိသင် ဖြစ်ပေါ်စေပါတယ်။

ကျောက်ကပ်အပြင် အူကျတဲ့ ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။ တစ်ပါတ်တစ်ခါ မုန်လာဥဖြူ ကို ဟင်းအဖြစ်ချက်ပြုတ်ပြီး စားသုံးသင့်ပါတယ်။ ဒါမှလည်း ကျောက်ကပ်ကို ထိန်းသိမ်းမှု ပြုလုပ်နိုင်မှာပါ။ ဒါ့အပြင် မုန်လာဥဖြူကို အစိမ်းလိုက် သံပုရာသီးလေးနဲ့ သုတ်စားတာဟာလည်း ဆေးဖက်ဝင်ပါတယ်။

ဒီလိုမုန်လာဥဖြူကို စားသုံးခြင်းကြောင့် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း မှန်စေပါတယ်။ အသားအရည်လည်း စိုပြေစေပါတယ်။ အရွယ်တင်နုပျိုချင်ရင်တော့ ပုံမှန် စားသုံးပေးသင့်ပါတယ်။ အထူးသတိပြုရမည့်အချက်ကတော့ မုန်လာဥဖြူကို ရေနဲ့ စင်ကြယ်စွာ ဆေးကြောဖို့ပါပဲ။ စိုက်ပျိုးချိန်မှာ ပိုးသတ်ဆေးတွေ အသုံးပြုထားနိုင်တာကြောင့် သေချာစွာ ဆေးကြောပေးသင့်ပါတယ်။ ပရိတ်သတ်ကြီးရေ မုန်လာဥဖြူရဲ့ အကျိုးကျေးဇူးတွေကို သိပြီဆိုရင် စားသုံးပေးဖို့ မမေ့ကြနဲ့နော်…..။

Writer – ME( Shwe Yaung Lan )

SHARE NOW

Leave a Reply

Your email address will not be published. Required fields are marked *