Nov 18, 2021 Health

အန်ဆုံးပေါက်ခြင်းကြောင့်နာကျင်ခြင်းကိုသက်သာစေမယ့်နည်းလမ်းများ

လူတိုင်းဟာ အန်ဆုံးပေါက်ခြင်းကြောင့်နာကျင်ခြင်းကို ခံစားဖူးကြပါတယ်။အံဆုံးဆိုတာ တတိယမြောက် အံသွားကိုခေါ်ဆိုခြင်းဖြစ်ပြီး အသက်၁၈ကနေ၂၅နှစ်အတွင်း ရင့်ကျက်တည်ငြိမ်သောအရွယ်မှာ ပေါက်တဲ့သွားမို့ပညာရှိသွား(wisdom tooth)လို့လဲတင်စားကြပါသေးတယ်။အံဆုံးပေါက်လို့နာကျင်ခြင်းကိုလောလောလတ်လတ်ခံစားနေရသူများအတွက် အောက်ဖော်ပြပါနည်းလမ်းကောင်းလေးတွေက ကူညီပေးမှာ ဖြစ်လို့ဆက်လက်ဖတ်ရှုုကြည့်ပါနော်။

(၁)ပူစီနံရွက်
သွားကိုက်သောနေရာသို့ ပူစီနံရွက်အနည်းငယ်ကို ၁၅မိနစ်ခန့်အုံပေးပါ။ သွားကိုက်ခြင်းအပြင် လည်ချောင်းနာခြင်းကိုပါသက်သာစေသောအစွမ်းရှိပါတယ်။

(၂)မုန့်ဖုတ်ဆိုဒါအနှစ်
အံဆုံးပေါက်ခြင်းကြောင့် ရောင်ယမ်းခြင်းကို သက်သာစေပါတယ်။
မုန့်ဖုတ်ဆိုဒါကို သင်သုံးနေကျသွားတိုက်ဆေးနဲ့ရောပြီး ပုံမှန်အတိုင်း သွားတိုက်ပါ။အထူးသဖြင့် အံဆုံးနေရာသို့ဖိတိုက်ပေးပါ။နာကျင်ခြင်းကိုမိနစ်အနည်းငယ်အတွင်းသက်သာစေပါတယ်။

(၃)ရေခဲကပ်ခြင်း
ရေခဲက ရောင်ယမ်းခြင်းအားလုံးကိုသက်သာစေကြောင်း ကျွန်တော်တို့သိကြပြီး ဖြစ်ပါတယ်။ရေခဲကပ်ရာမှာ ၁၅မိနစ်ကြာအောင်ကပ်ပြီး ၁၅မိနစ်ကြာအောင် အနားပေးပါ။ထိုနည်းအတိုင်း အကြိမ်များစွာပြုလုပ်ပေးပါ။

(၄)လေးညှင်း
သွားကိုက်ခြင်းကိုသက်သာဖို့ ရှေးခေတ်ကတည်းကပင် အသုံးပြုခဲ့ကြပါတယ်။နာကျင်သောနေရာပေါ်သို့အုံပေးခြင်းဖြင့် နာကျင်ခြင်းကိုသက်သာစေပါတယ်။အချိူ့ကလည်း လေးညှင်းဆီကိုအသုံးပြုကြပါတယ်။

(၅)ကြက်သွန်နီ
ကြက်သွန်နီမှာ ပိုးသတ်အာနိသင်အပြင် ရောင်ယမ်းခြင်းကိုလျော့ပါးစေသောအာနိသင်ပါရှိတာမို့ သွားနာခြင်းကိုသက်သာစေပါတယ်။ နာကျင်နေသော အံဆုံးပေါ်သို့ ။ကြက်သွန်နီအနည်းငယ်ကို ၁၅မိနစ်ခန့်အုံပေးပါ။

(၆)ဆားပြုတ်ရည်
ဆားဆိုတာ သဘာဝပိုးသတ်အာနိသင်ရှိသော ဆေးတစ်လက်ဖြစ်ပါတယ်။ဆားကို ရေကြက်သီးနွေးမှာခပ်ထည့်ပြီးထိုအရည်ဖြင့် ပလုတ်ကျင်းပေးပါ။သွားကိုက်ခြင်းနဲ့လည်ပင်းနာခြင်းများကိုလျင်မြန်စွာသက်သာစေပါလိမ့်မယ်။ပလုတ်ကျင်းရာမှာလဲ မိနစ်အနည်းငယ်ကြာအောင်ကျင်းဖို့လိုပြီး တစ်နေ့ကို ၄ကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်။လွယ်ကူပြီး အကျိူးရှိသောနည်းတစ်လက်ဖြစ်ပါတယ်။

(၇)နနွင်း
နနွင်းမှာ ပါသောပိုးသတ်အာနိသင်ကြောင့် သွားနာခြင်းကိုသက်သာစေပါတယ်။ထိုမျှမကသွားဖုံးယောင်ခြင်းကိုသက်သာစေတဲ့အပြင် ပိုးမွှားများကိုလဲသေစေပါတယ်။ နနွင်းမှုန့်အနည်းငယ်ကိုရေနွေးထဲရောပြီး ပလုတ်ကျင်းရည်အဖြစ် အသုံးပြုပေးပါ။

Writer- Dr Jue ( XYZ NEWS )

SHARE NOW

Leave a Reply

Your email address will not be published. Required fields are marked *