ရဲတပ်သား ကျော်စံကေးနှင့် ရုက္ခစိုးကြီး မိန်းမ (ဟာသ)




” ကျော်စံကေး နှင့် ရုက္ခဇီး”

ရမည်းသင်း ရဲသင်တန်းကျောင်း၌ဖြစ်သည်။ နာမည်ပြော ကျော်စံအေးပါ။ အဘအမည် ဦးသမိန်ကြီးကျော်စံ ဟေ..အမေနာမည်ကရော..ဒေါ်ခတ္တာသောင်းညွန့်ပါ…ဘာကွ..မင်းငါ့ကိုနောက်နေတာလား…? …မဟုတ်ပါဘူးဆရာကြီး ကိုယ်ရေးအချက်အလက်ဖိုင်မှာ.. မှတ်ပုံတင်၊ နေရပ်လိပ်စာအပြည့်အစုံနဲ့တကွ တင်ပြထားပါတယ်။ ရဲကြပ်ကြီး သန်းဝင်းလဲ စိတ်ရှုတ်သွားပြီး ကျော်စံအေးရဲ့ဖိုင်ကိုဖွင့်ကြည့်လိုက်သည်။ အလို..လီဆယ်ပြီးပြောနေခြင်းတော့မဟုတ်….အားလုံး အမှန်တွေချည်းဖြစ်သည်။ ထို့နောက် ဖိုင်တွဲကိုပြန်ပိတ်လိုက်ပြီး ကျော်စံအေးဆိုတဲ့ ရဲသင်တန်းသားသစ် အမျိုးကောင်းသားကို သေသေချာချာ မော့ကြည့်လိုက်သည်။

“ဟာ….အမလေး..” ..ဟမ်…ဘာလို့လဲဆရာကြီး…ဘာ..ဘာ…ဘာမဖြစ်ဘူး….ဟူးး…ကံကောင်းလို့ လိပ်ပြာမလွင့်တယ်…..ဗျာ….ဆရာကြီးသန်းဝင်းဟာ မှိတ်ထားသေမျက်စိကို ဖြေးဖြေးချင်းပြန်ဖွင့်လိုက်ပြီး..မင်း… မင်းနဲ့ ဟာသသရုပ်ဆောင်ဗေလုဝ…နဲ့ ဘာတော်လဲ…..ဗျာ….ဘာ…ဘာမတော်ပါဘူးဆရာကြီး…နို့ပေမဲ့ ဦးဗေက ကျွန်တော့ရဲ့အသဲစွဲ ဟာသသရုပ်ဆောင်တဦးပါ …ဩော်…အေး..အေး……ဖြစ်သင့်ပါတယ်ကွာ….ဝှီးးး …ဆရာသန်းဝင်းလန့်မယ်ဆိုလဲလန့်စရာပါ.. …ကျော်စံအေး၏ရုပ်က ဗေလုဝကိုယ်တိုင်ပင် မျက်နှာချင်းဆိုင်၍/ ကြာကြာကြည့်ရဲမည်မထင်။ အသက်၁၈နှစ်ဆိုသော်ငြား ပြောင်နေလိုက်တဲ့နှာဖူး၊ ချောက်နက်လွန်းသောမျက်တွင်းထဲမှ ပြူး​ကြောင်​​ကြောင်​မျက်လုံးအစုံ၊ မက်ခွက်ခွက်မျက်နှာ၊ ကပ္ပလီကဲ့သို့ထူလဗျစ်နှုတ်ခမ်းရဲ့နောက်မှာ ကျိုးတိုးကျဲတဲ့သွားများက မညီမညာငေါထွက်နေသည်။

ကျော်စံအေး…ဟုတ်..ရဲတပ်ဖွဲ့ထဲကို တကယ်ဝင်ချင်လို့ဝင်လာတာလား…..ဒါမှမဟုတ် မိဘက အတင်းအကြပ် တိုက်တွန်းလို့ ဝင်လာတာလား……ခုလိုဝင်လာရတဲ့ရည်ရွယ်ချက်လေးကို ပြောပြပါဦး…အဟမ်း….. … ဟုတ်ကဲ့..မည်သူတဦးတယောက်ကမှ တိုက်တွန်းမှုမရှိပဲ မိမိဆန္ဒ အလျှောက်ဝင်တာပါ။ ..ရည်ရွယ်ချက်ကတော့…အရင့်အရင်က အကျင့်ပျက်ချစားမှု၊ စည်းကမ်းဖောက်ဖျက်မှု၊ အရည်အချင်းမပြည့်ဝမှုတွေနဲ့ ညှီစော်ဟောက်စော်နံနေတဲ့ မြန်မာ့ရဲတပ်ဖွဲ့ကြီးကို စည်းကမ်း..အရည်အချင်းပြည့်ဝပြီး ကမ္ဘာ့အဆင့်မှီ ရဲတပ်ဖွဲ့ကြီးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဝင်လာတာပါ ဆရာကြီး….တောက် ……သေဟ နန္ဒိယ….ငါမှားတာ….လျှာရှည်ပြီးမေးမိတဲ့ငါ့အမှားပါ……ရပါပြီ…ထပ်လဲမမေးတော့ပါဘူး…မင်းပြောခါမှ ငါတို့လဲခွေးလုံးလုံးကိုဖြစ်ရော….ရော့… နံပါတ်ပြား……ဘယ်ဘက်အင်္ကျီအိတ် နှုတ်ခမ်းမှာကျည်ချိတ်နဲ့ချိထား…သွားတော့….ဟူးးးး …ခွီးမှပဲ ဘယ်လိုကောင်နဲ့လာတိုးနေမှန်းမသိဘူး။

“…သင်တက်တက်ပြီး၃လကြာသော်….” ” တွီ….တွီ…..တွီ… “”ဖတ်ထိတ်တန်းစီမယ်…ဘယ်ထိတ်စီး၃တန်းဖြုတ်….ဟိုက်…ဖတ်ထိတ်တဲ့….မြန်မြန်လုပ်ကျဟေ့…ဝေါ…ဖြော…ဂလုံ…..ဖရော…ခွဲကြပ်ကြီး သန်းဝင်းရဲ့ခရာသံကြောင့် အဆောင်ထဲမှ သင်တန်းသားအလုံး ဝရုံးသုံးကားဖြင့် ပြေးထွက်လာကျသည်။ ” အမှတ်စဉ်မှတ် တစ်..နှစ်..သုံး..လေး….ဆယ်…. ” တယောက်လို….ဟေ….. …ဘယ်ကောင်လိုတာလဲ…..ကျော်စံကေး…ပါ… …သြော်….ထင်တော့ထင်သားပဲ…. …ရောက်…ရောက်ပါပြီဆရာကြီး….အိမ်သာထဲမှပြေးထွက်လာပြီး ဘောင်းဘီခါးပါတ်ဟပျဲဖြင့် တန်းလာစီသော ကျော်စံကေး…… …စခွက်ထဲရောက်မှ ခါးပါတ်ထိုးရသည်။

ကိုင်း….ဘယ်ထိတ်စီး၃တန်းက အယောက်သုံးဆယ်ကျန်ခဲ့…ကျန်တပ်ခွဲ …တန်းဖြုတ်….ဖျောက်..ဖရောက် ..တိတ်နှိတ်သုံး…တိတ်နှိတ်သုံး.. တိတ်…ကိုင်း…ကျန်တဲ့ ကောင်တွေ….ကျောင်းနောက်ဖေးကခြံစည်းရိုးမှာ ခြုံခုတ်ရမယ်…. …ဟုတ်….အေး..တခုတော့ သတိပေးထားမယ်…. ..ဟိုမှာတွေ့လား….ညောင်ပင်..ဟုတ်…တွေ့ပါတယ်…အဲ့ညောင်ပင်အောက်ကိုရောက်ရင် ပေါက်ကရလေးဆယ်မပြောနဲ့…တံတွေးမထွေးနဲ့….အပေါ့အလေးမစွန့်နဲ့…..ကြားလား…ဟုတ်…..ဘာမရှင်းတာရှိလဲ.. ..မရှိ.. ..အေး…ဒါဖြင့် စတိုထဲက လက်နက်တွေယူပြီး သွားကျပေတော့… …ငါ ရိပ်သာဘက်ကိုသွားဦးမယ်…. …ဟုတ်

တန်းဖြုတ်တော့ သင်တန်းကျောင်းနောက် ခြံစည်းရိုးက ညောင်ချက်ပင်ကြီးကို ကျော်စံကေး တချက်ကြည့်လိုက်သည်။ …ပြီးတော့ သူ့ပါးစပ်ထဲမှ အရပ်ရှစ်မျက်နှာသို့ မညီမညာခေါထွက်နေသော သွား၃၂ချောင်းကို ပေါ်တယ်ဆိုယုံလေးပြုံးလိုက်ပါတော့သည်။ “”ကျော်စံအေးကနေ…ကျော်စံကေး လို့ပြောင်းသွားပုံလေး နဲနဲပြောမယ်နော်….ရဲအသိုင်းအဝိုင်းမှာ “ကျော်စံကေး” ဆိုတဲ့နာမည်ဟာ တော်ရုံအရည်အချင်းနဲ့ ရယူပိုင်ဆိုင်ထားခြင်းမျိုးမဟုတ်ပေ… “” ကျော်””” …အင်မတန်ထုံ၊အင်မတန်သောက်သုံးမကျပဲ…မတော်တရော် ပေါက်ကရလေးဆယ်လုပ်ရမည့်နေရာတွင် သူများနဲ့မတူပဲ ထင်ပေါ် ကျော်ကြားခြင်း…. “စံ”….အခြားသောသင်တန်းသားများကို ၎င်းကဲ့သို့ ကျင့်ကြံနေထိုင်ခြင်းအလျှင်းမရှိစေနဲ့ဟု…စံနမူနာပြုပြီး မီးမောင်းထိုးပြရသော ဂုဏ်အပေါင်းနှင့်ပြည့်စုံခြင်း… …”ကေး” …..ရုပ်ရည် ရူပကာပိုင်းနဲ့ပတ်သပ်ပြီး ဂျော်ရကေး( ယခု ဂျော်ရကီး) အခြောက်မများကိုယ်တိုင်ပင် မမြင်ခင်က ကွေ့ရှောင်ပြေးရသော …အဆင်းပုံစံတင့်တယ်မှုအပေါင်းနှင့်ပြည့်စုံခြင်း….ဆိုသလို…. …ထို…ထိုသော အရည်အချင်းများနှင့်ကုန်လုံပြည့်စုံနေသောသူကို “ကျော်စံကေး” ဟုမည်ပါသတဲ့ဗျာ..

ထိုအချင်းအရာအလုံးကို ကျော်စံအေးက တဦးထဲမောင်ပိုင်စီးထားလေ၏။ ….ကျော်စံကေးအပါအဝင် သင်တန်းသားအယောက်၃၀ဟာ ကျောင်းခြံစည်းရိုးက ခြုံများကို ပေါက်တူး၊ဓားများဖြင့် စတင်ရှင်းလင်းကျသည်။ ….ဟေ့ကောင် ကျော်စံကေး..ဘာကြည့်နေတာလဲ ခြုံခုတ်လေကွာ..ပေါက်တူးကိုကိုင်ပြီး ညောင်ချပ်ပင်ကိုငေးနေသော ကျော်စံကေးကို ” တင်မြင့်ဆန်း”ကမေးလိုက်သည်။ …အေးပါကွာ…ရှင်းမှာပေါ့.. .တခုစဉ်းစားနေတာကွ…ဘာ…..အမလေး…. ….မကောင်းရာ မကောင်းကြောင်းလေးမှဟုတ်ရဲ့လားကွာ……ငါတို့ကိုတော့ချန်းသာပေးပါနော်။ …တင်မြင့်ဆန်း ၏စကားကြောင့် ကျန်သင်တန်းသားများလဲ ခါးစန့်သွားသည်။ ….အေး….မင်းတို့ကိုပြောလိုက်ရင် အဲ့လိုချည်းပဲ….ဒါ့ကြောင့်မတိုးတက်တာ…တုံးသထက်တုံးဦးမယ် အသထက် အဦးမယ်….အန်…သေပြန်ပြီ..ကို့ဟာကို အေးအေးနေအကောင်းသား…. …ဟုတ်ကဲ့ပါဆရာ တောင်းပန်ပါတယ်နော်…အမိုက်မှားလေတွေမို့ဗွေမယူပါနဲ့နော်….အခု ဆရာကေး က ဘာတွေများ ရွှေဉာဏ်တော်စူးရှနေပါသလဲခင်ဗျာ

ဒီလိုကွ….. …ဟို ညောင်ချပ်ပင်ကြီးကို ဆရာသန်းဝင်းက ဘာ့ကြောင့် ဒီလောက်ကြောက်နေရတာလဲ… …ဒီအချက်ကို အဖြေထုတ်နေတာ…. …ဟေ…ဘုရား…ဘုရား… …အဲ့အပင်တော့ သွားမထိနဲ့မောင်… …ဆရာသန်းဝင်း တခါပြောဖူးတယ်… …အဲ့အပင်မှာ ရုက္ခစိုးဆိုလား ရုက္ခဇီး ဆိုလား ရှိတယ်တဲ့…..အပင်အောက်မှာ မဖွယ်မရာလုပ်တာနဲ့ ချက်ချင်းပြသနာတက်တာတဲ့မောင်… …နေ့မကူးခင် ပြန်တောင်းပန်ရင်တောင်းပန် မတောင်းပန်ရင် ကို့အကြောင်းနဲ့ကိုယ်တဲ့…ဟားဟား ဟားဟား …အဲ့ဒီဟာကိုက မှားနေတာ..ဒီမှာကြည့်စမ်း..ဘာလဲသိလား..အန်…သူ့လက်မောင်းမှ ရဲတံဆိပ်ဘက် ကိုလက်ညိုးထိုးပြလိုက်ရာ… …အဲ့ဒါ ရဲတပ်ဖွဲ့တံဆိပ်လေ..ဟုတ်တယ်…မှတ်ထား…ရဲတပ်ဖွဲ့ဆိုတာ အစိုးရရဲ့ ဘယ်လက်ရုန်းလက်နက်ကိုင်အဖွဲ့အစည်းပဲ….ဒါ့ကြောင့် ဒီအပင်ကအကောင်ကို သောက်ဂရုစိုက်စရာမလိုဘူး….လုပ်ချင်ရင် နှင်ထုတ်လို့တောင်ရတယ်ကွ..

ဟေ…မဟုတ်သေးဘူးလေကွာ… …ငါတို့က ခုမှ သင်တန်းသားပဲရှိသေးတာ….ဘာအဆင့်သတ်မှတ်ချက်မှမရှိသေးဘူးလေ…ဟင်းဟင်း ..ဒါ….သိပ်ခက်တဲ့အလုပ်မှမဟုတ်ပဲကွာ…ကြည့်နေ…ငါလုပ်ပြမယ်။ ….ပြောပြောဆိုဆို ကျော်စံကေးတယောက် ဘားတိုက်ဆီသို့ပြန်ပြေးသွားလေသည်။ …ပြသနာပဲကွာ…ဒီကောင် ဘာတွေမဟုတ်မဟက်လုပ်ဦးမယ်မသိဘူး….ဟင်းးးး …ခဏကြာတော့ အထုပ်တထုပ်ကိုဆွဲပြီး ကျော်စံကေးပြန်ရောက်လာသည်။ ….လက်ထဲကဘာလဲ ကျော်စံကေး.. မမေးနဲ့…ကြည့်နေ… ..ဟုတ်..ကျော်စံကေးဟာ လက်ထဲကအထုပ်ကိုဖြေပြီး ယူနီဖောင်းအင်္ကျီတထည်ကိုဝတ်လိုက်သောအခါ.. ..ဟိုက်…. ..အလေးပြု… …ဖျောက်…ဖရောက်.. ..ဟာ…မှားကုန်ပြီ… …ဒါ…ဒါ…ဘာလုပ်တာလဲ ကျော်စံကေး… ..အဲ့ဒါ ခွဲမှူး ရဲအုပ်ဝင်းမောင်ရဲ့အင်္ကျီနော်.. …သောက်ပြသနာတွေတက်ကုန်လိမ့်မယ်….ဟဲဟဲ ..ခဏလေးပါကွာ….မင်းတို့သာ နှုတ်လုံပစေ…

းးအင်းး ဟူးးး ..အဲ့ဒါကြီးနဲ့ဘာလုပ်မလို့လဲဟင် ဆရာကေး…. …ဘာမလုပ်ဘူး…ဒီအပင်ကကောင်ကို ပညာပြမလို့..ဟိုက်….ဒီ ဂန်းမသားတော့လားး ….တင်မြင့်ဆန်း အပါအဝင် ဖတ်ထိတ်လုပ်နေသော ၂၉ယောက်လုံး ကျော်စံကေး၏လှုပ်ရှားမှုကို မမှိတ်​မသုန်​ ရပ်ကြည့်နေလိုက်သည်။ ကျော်စံကေးဟာ ယူနီးဖောင်းဝတ်ပြီးသွားတော့ ညောင်ချပ်ပင်အောက်ကို အရာရှိခြေလှန်းဖြင့်လျှောက်သွားပြီး အပင်အောက်ရောက်တော့ သတိဆွဲလိုက်တယ်..ထို့နောက်… “” ဒီအပင်မှာမှီခိုပြီးနေတဲ့ အကောင်ပလောင်အားလုံး “ဆွဲ..သတိ” ….ဟုတ်ပြီ..ငါအမိန့်ပေးထားတဲ့အတိုင်း သတိကိုမတ်နေအောင်ဆွဲထား…ငါ တန်းဖြုတ်မပေးမခြင်း ဒီတိုင်းပဲနေရမယ်..ဒါပဲ.ဘာ….ဘာသွားလုပ်တာလ..? .ဘာမလုပ်ဘူး သတိဆွဲခိုင်းထားတာ.ရပြီ….ယူနီဖောင်းပြန်ထားဦးလိုက်မယ်..ဟူးးးး.. ..တော်တော် မလွယ်တဲ့ကောင်ပဲကွာ….သင်တန်းဆင်းရင် ငါနဲ့အတူတူ မကျပါစေနဲ့…..ဟင်း

” ဗိုလ်ကြီး…..ဗိုလ်ကြီး.ကယ်ပါဦး….ဟေ..ညကြီးမဲကြီး ဘယ်သူလဲဟေ့.ဘာဖြစ်လာတာလဲ….အခန်းအပြင်မှ ခေါ်သံကြားသဖြင့် ရဲအုပ်ဝင်းမောင် အပြင်ထွက်ကြည့်လိုက်သည်။ အသံပိုင်ရှင်က အသက်၄၀ခန့်ရှိသော..နှုတ်ခမ်းမွှေးကားကား၊ ယောင်တစောင်း နှင့်လူတယောက်…ဝတ်ထားတဲ့အဝတ်အစားက ရှေးဘုရင်ခတ်က အရပ်သားတွေဝတ်တဲ့ အဝတ်အစားမျိုးနှင့် ……ပို၍ထူးခြားသည်က လက်သီးနှစ်ဘက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး သတိဆွဲထားခြင်းဖြစ်သည်။ ခင်ဗျား ဘယ်သူလဲ.ဘာဖြစ်လို့ သတိဆွဲထားတာလဲ…ဟို….ဟို…ဗိုလ်ကြီးရဲ့သင်တန်းသားတယောက်လာလုပ်သွားတာလေ… ဘာ…ဘယ်သူလဲ….ဘာလာလုပ်လို့လဲ

ကျုပ်က ဟိုညောင်ချပ်ပင်ကြီးမှာနေတဲ့ ရုက္ခစိုးပါ….ကျုပ်မိသားစုနဲ့အတူနေပါတယ်။ ….အင်း…ဟုတ်ပြီ …အဲ့ဒါ ခုညနေမှာ ကျော်စံကေး ဆိုတဲ့ ရဲသင်တန်းသားတယောက်က ဗိုလ်ကြီးရဲ့ အင်္ကျီကိုယူဝတ်ပြီး ကျုပ်တို့အားလုံးကို သတိ လာဆွဲခိုင်းထားတယ်….ခုထိလဲလာဖြုတ်မပေးသေးဘူး….ကျုပ်ခလေးတွေလဲ ခြေထောက်အတော်ညောင်းနေပြီ….ကယ်ပါဦး ဗိုလ်ကြီးရယ်…ဟေ. …ကျော်…ကျာ်…စံ….ကေး……ခွေးကောင်….တွေ့မယ်…ရုက္ခစိုးပြန်သွားတော့ ရဲအုပ်ဝင်းမောင် လဲ အိပ်​မက်​မှလန့်နိုးသွားသည်။ ထို့နောက် ဓာတ်မီးတလက်ကိုဆွဲ… ညောင်ချပ်ပင်ရှိရာကိုတန်းသွားပြီး……” အားလုံး….အေးစေ…..တန်းဖြုတ်”” ….အူးးးဟူးးးးဟင်းးးး …တန်းဖြုတ်ပေးပြီနောက် ညောင်ပင်ပေါ်မှ သက်ပြင်းချသည့်အသံများပြိုင်တူထွက်လာလေတော့သည်။

မောနေပြီလားကျော်စံကေး..လုပ်ရဲရင်ခံရဲရမှာပေါ့….ကို့အပြစ်နဲ့ကိုယ်…ယောင်္ကျားပဲ…ဒိုက်အခါ၂ရာပြီးရင်…ထိုင်ထ အခါ ၅ရာကျန်သေးတယ်….ဘာမှအားမငယ်နဲ့…ဟုတ်ပြီလား..စိတ်ထဲမှာမကျေနပ်သော်လဲ ကို့အထက်အရာရှိမို့ ကွန်ပလိန်းမပြန်ရဲပေ…..သို့ပေသော်…ညောင်ပင်က ချွန်တွန်းကောင်ရုက္ခဇီးကိုတော့ လားလား မှ ကျေအေးပေးမည်တော့မဟုတ်ပေ….. “” သင်တန်းကျောင်းတွေ၏ထုံးစံအတိုင်း ညဘက်တွင် တပ်ခွဲကင်း နယ်နိမိတ်ကင်းများကို အလှည့်ကျတာဝန်ဖြင့် ကင်း စောင့်ကျရပါသည်။ ကျော်စံကေးနှင့် တင်မြင့်ဆန်းက နယ်နိမိတ်ကင်းမို့ သင်တန်းကျောင်းနောက်ဘက်စည်းရိုးမှာ ကိုက်တရာခြားပြီး ၂ယောက်တတွဲစောင့်ရပါသည်။ နယ်နိမိတ်ကင်းမှာ စုစုပေါင်း ကင်းတဲ၁၀လုံး လူအယောက်၂၀ စောင့်ရပါသည်။ ကျော်စံကေးတို့နှစ်ယောက်က ညောင်ချပ်ပင်နှင့် ကင်းတလုံးခြားသော နေရာတွင်တာဝန်ကျသည်။ ဒါကလဲ ခွဲမှူး၏အစီစဉ်အရ ကျော်စံကေးနှင့် ညောင်ချပ်ပင်ကို စည်းခြားထားခြင်းဖြစ်၏

အဲ့အချိန်မှာ ပြသနာထဖြစ်တာက ညောင်ချပ်ပင်ရှေ့ကင်းတဲ့က ထင်မောင်ကျော်နှင့်ဝင်းမြင့်ဦးတို့အတွဲကဖြစ်၏။ ဟိတ်…ရပ်စမ်း……ဘယ်သူလဲ.လူပါခင်ဗျာ….ဟမ်…ဒါတော့မင်းပြောမှလား…ရန်သူလား…မိတ်ဆွေလား..ဟုတ်ကဲ့ မိတ်ဆွေပါ..ရှေ့ကို၃လှမ်းတက်ခဲ့..ဟုတ်ကဲ့…လာပါပြီ..ထိုလူရောက်လာတော့ ထက်မောင်ကျော်နှင့် ဝင်းမြင့်ဦးက ဓာတ်မီးထိုးကြည့်လိုက်သည်… …ဟ……တကိုယ်လုံး မဲတူးနေတာပဲ.. ..ဘာလာလုပ်တာလဲ…. …ဆေးလိပ်မီးလေး ညှိချင်လို့ပါ…. ..သြော်…ဒါဖြင့် ရော့…မီးချစ်…ကျေးဇူးပဲ…ထိုလူမဲကြီးဟာ ထင်မောင်ကျော်ပေးသောမီးခြစ်နှင့် သူ့ရဲ့ဆေးပေါလိပ်ကြီးကိုထုတ်ဖွာလိုက်သည်။ …ဒါနဲ့….မင်းတို့နှစ်ယောက်ထဲကင်းစောင့်နေတာ မကြောက်ကျဘူးလား… …ဘာကိုကြောက်ရမှာလဲဗျ…. …တ​စ္ဆေ တို့ သရဲတို့ကိုပေါ့…. …အိုဗျာ…..တ​စ္ဆေ၊သရဲဆိုတာ တကယ်မြင်ရတာမှမဟုတ်ပဲ မကြောက်ပါဘူး…

ဟင်းးဟင်းး …သေချာလားကောင်လေး..ခုနေ တ​စ္ဆေ တကောင်နဲ့ မျက်နှာချင်းဆိုင် စကားပြောနေရတယ်ဆိုရင် မင်းတို့စိတ်ထဲ ဘယ်လိုနေမလဲ…. ဗျာ….ဘယ်လို… ..ခင်ဗျားဆိုလိုတာက…ဟီးဟီး ဟားးဟားး …ဟိုက်…. …ဟာ…အမလေး…ဘာ….ဘာကြီးလဲ..အားးးးးး …ထင်မောင်ကျော်တို့နှင့်စကားပြောနေသောလူမဲကြီးဟာ တဖြေးဖြေး အကောင်ကြီးလာပြီး ၁၀ပေအမြင့်ခန့်ရှိသော အကောင်မဲမဲကြီးအဖြစ်သို့ပြောင်းသွားကာ ညောင်ချပ်ပင်ကြီးပေါ်သို့ ဇောက်ထိုးတက်လိုက် ပြန်ဆင်းလိုက်နှင့် ခေါက်တုံ့ခေါက်ပြန် အတက်အဆင်းလုပ်ပြလေသည်။ ….အားးးးးး …သရဲ….သရဲ.ကယ်ကျပါ…..ကယ်ကျပါ…ဖြော..ဗြော….ဖရော…မိမိကင်းဘက်သို့အော်ပြေးလာသော ထင်မောင်ကျော်နှင့် ဝင်းမြင့်ဦးကို ကျော်စံကေးက ထွက်ဆွဲလိုက်သည်…

ဟေ့ကောင်တွေ….ဘာဖြစ်လာဟ…ဟောဟဲ…ဟောဟဲ…သ….သရဲ…..သရဲခြောက်လို့…ဘာကွ….အဲ့ သရဲ ဘယ်မှာလဲ….ညောင်ချပ်ပင်ပေါ်မှာ…ဟေ….တွေ့ကျရောပေါ့…လာ….ပြန်လိုက်ခဲ့…အဲ့သရဲကို ငါဆုံးမပြမယ်….ဟေ့အေ…မလိုက်ရဲဘူး….ကြောက်တယ်…နေကွာ…ငါ့ဟာငါတယောက်ထဲသွားမယ်…. အကြောက်အလန့်မရှိသောကျော်စံကေးက နံပါတ်တုတ်ကိုင်ပြီး ညောင်ပင်အောက်ကိုပြေးသွားလေသည်။ ….ဒီအရူးတော့ သေတော့မှာပဲ…ဝင်းမြင့်ဦး..ဟေ..ခွဲမှူးဆီသီတင်းသွားပို့….မြန်မြန်သွား.. …အေး… …ကျန်တဲ့ကင်းသမားများလဲ ကျော်စံကေးကို ခက်လှမ်းလှမ်းကစောင့်ကြည့်နေကျသည်။ “” ဟေ့ကောင်….ခုချက်ချင်းအပင်ပေါ်ကဆင်းခဲ့စမ်း.းဘာကောင်လဲ..မင်းဘယ်လောက်သတ္တိရှိလဲ…..ကျော်စံကေးကွ…တကေးထဲရှိတယ်….. အဲ့လို ….ကျော်စံကေးစိန်ခေါ်လိုက်တော့ အပင်ပေါ်မှ အကောင်မဲမဲကြီးတကောင်ခုန်ဆင်းလာပြီး ကျော်စံကေးကို နပမ်း ဝင်လုံးလေသည်။

ဂါးးး ဂါးးအူးးး …ကဲကွာ…ကဲကွာ…ဖုန်း…ဖုန်း…ဖြော…ဖရော..အင်းးဟင်းးး …အမလေး…သေပါပြီ…အကောင်ချင်းက ဆင်နဲ့ဆိတ်လိုကွာသဖြင့် ကျော်စံကေးခံနေရသည်…သို့သော်..ဉာဏ်ပြေးတဲ့ကျော်စံကေးက…ဟေ့…ဒီညောင်ပင်မှာနေတဲ့ ရုက္ခဇီး….ဘာကြည့်နေတာလဲ…ငါ့ကိုလာကူဦးဟ…ဘာလဲ….မင်းမိန်းမ ဒီအကောင်နောက်ကိုပါသွားတာ မြင်ချင်လို့လား….တခုလတ်မဖြစ်ချင်ရင် မြန်မြန်ဆင်းကူလှည့်..ဟုတ်တာမဟုတ်တာအပထားလို့….ကျော်စံကေး အဲ့လိုလဲ အော်ပြောလိုက်ရော ညောင်ပင်ပေါ်က ခွေးဖြူကြီးတကောင်ခုန်ဆင်းလာပြီး ကျော်စံကေးအပေါ်က တ​စ္ဆေကြီးကို ဝင်ဆွဲပါလေရော…

ဝုန်းးး …ဂီးးဂါးးးဝူးးး …အီးး…..အူးးးစ် ….အမလေး….ကိုက်တယ်ဗျ…..ကြောက်ပါပြီ..အားးးးးး ဖြော….ဖရော..ချကွ…..အသေကိုက်…အဲ့ဒါ မင်းမိန်းမကို ကြာကူလီရိုက်မဲ့အကောင်ဟ…..ဆော်သာဆော်…..ငယ်ပါကို တခါထဲကိုက်ဖြတ်..ချချ……ဟေး….ဟေး….. …ရုက္ခဇီး ဆိုတဲ့ကောင်ကလဲ မယားထိဓားကြည့် ဆိုတဲ့ကောင်မျိုးလားတော့မဆိုနိုင်….တစ္ဆေကြီးကို သဲကြီးမဲကြီးဝင်ဆွဲလိုက်ရာ…..တ​စ္ဆေမဲကြီးလဲ ဒရောသောပါး အလဲလဲအကွဲကွဲဖြင့် ကျောင်းအုတ်တံတိုင်းကို ကျော်ပြေးသွားလေတော့၏။ ….ကျော်စံကေးကွ…တကဲ့ အာဂအကောင်….ဟေး…ဟေး…….ဟေး…. .ရွှီ….ရွှီ..ဖြောင်းးးဖြောင်းး..ထိုဖြစ်စဉ်ကို တနေရာကနေ စောင့်ကြည့်ပြီး ခေါင်းတညိမ့်ညိမ့်နှင့် ဆလန်ပေးနေသူတဦးတော့ရှိသည်..ကျော်စံကေး…..ကျော်စံကေး..မင်းနာမည်နဲ့ မင်းကတော့ အတော့ကိုလိုက်ဖတ်ပါပေတယ်ကွာ……ဟူးးးး….ထိုသူကတော့ အခြားသူမဟုတ်…..ရဲသင်တန်းကျောင်းတပ်ခွဲမှူး ရဲအုပ်ဝင်းမောင်သာ ဖြစ်ပါတော့သည်ခင်ဗျာ။

(ပြီးပါပြီ) စာရေးသူ မောင်ဂေါ်လီ( ဟင်္သာတ)

Source link




Be the first to comment

Leave a Reply

Your email address will not be published.


*