LocalNews

“ သိန္း(၂၀၀၀)လွဴဒါန္းျပီးတဲ့အျပင္ မရွိတဲ့ေနရာေတြအတြက္ ထပ္ျပီးလွဴဒါန္းမည္ဟု သိန္းတစ္ေသာင္းခြဲကံထူးရွင္ေျပာ (ရုပ္သံ) ”

“ သိန္း(၂၀၀၀)လွဴဒါန္းျပီးတဲ့အျပင္ မရွိတဲ့ေနရာေတြအတြက္ ထပ္ျပီးလွဴဒါန္းမည္ဟု သိန္းတစ္ေသာင္းခြဲကံထူးရွင္ေျပာ (ရုပ္သံ) ”

Vedioပါဝင္သည္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲမွ ယေန႔ ဖြင့္လွစ္သည့္ (၂၃) ႀကိမ္ေျမာက္ က်ပ္ (၁၀၀၀) တန္ ေအာင္ဘာေလ သိန္းဆုဖြင့္ပြဲတြင္ သိန္း တစ္ေသာင္းဆုမဲသည္ (ကဂ- ၄၀၆၁၀၄)နံပါတ္ျဖင့္ ထြက္ရွိခဲ့ပါသည္။

ယင္းဆုကို မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ မိုးယံေ႐ႊလမင္းႏွင့္ ျမတ္ဆုကုေဋထီဆိုင္မွ ထြက္ေပၚလာခဲ့ျခင္းျဖစ္ၿပီး ကံထူးရွင္သည္ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၄၈x၄၉ လမ္းၾကား၊ ဇီးအုပ္ကြက္သစ္တြင္ ေနထိုင္သူ မဝင္းဝင္းအိက ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။

ေမြးခ်င္းငါးေယာက္အနက္ အႀကီးဆုံးျဖစ္သည့္ သူမအေနျဖင့္ ၅၆ လမ္း ေအာင္ပင္လယ္ေဈးတြင္ သားငါးေရာင္းခ်ျခင္းျဖင့္ မိသားစု၏ တာဝန္ကို ေျဖရွင္းေနရသလို လက္ရွိေနထိုင္သည့္ ေနရာမွာလည္း က်ဴးေက်ာ္သေဘာမ်ိဳး ငွားရမ္းေနထိုင္ ရေၾကာင္းလည္း သိရသည္။

“ညီမ ထီထိုးတာကေတာ့ အသက္ ၁၉ ႏွစ္အ႐ြယ္ထဲကပါ။ တစ္ခါမွ မေပါက္ဖူးပါဘူး။ အခုပထမဆုံး ေပါက္တာက က်ပ္သိန္းတစ္ေသာင္းခြဲ ျဖစ္ေနေတာ့ ခုထိမယုံႏိုင္ေသးဘူး။ ညီမက အခုေနတာက က်ဴးသေဘာမ်ိဳး ဆိုေတာ့ ေနတဲ့ေနရာက စ႐ိုက္နည္းနည္းၾကမ္းတယ္။ အရင္က မိသားစုက အိမ္ပိုင္ပါ။

ေငြလိမ္ခံရၿပီး အေႂကြးေတြ တင္သြားေတာ့ ခုလိုအိမ္ငွားဘဝ ေရာက္သြားတာပါ။ အေဖကေနာက္အိမ္ေထာင္ ျပဳသြားၿပီးတဲ့ေနာက္ အေမနဲ႔တူတူ ေဈးေရာင္းရင္းပဲ ေနေနတာပါ။ ေက်ာင္းကလည္း အေမက ဆက္ထားေပမယ့္ ၇ တန္းထဲက ထြက္လိုက္တာပါ’’ ဟု သူမ၏ လက္ရွိဘဝနဲ႔ ပတ္သက္ၿပီး ရွင္းျပခဲ့သည္။

Credit Shwedailyonenews

[Unicode]

“ သိန်း(၂၀၀၀)လှူဒါန်းပြီးတဲ့အပြင် မရှိတဲ့နေရာတွေအတွက် ထပ်ပြီးလှူဒါန်းမည်ဟု သိန်းတစ်သောင်းခွဲကံထူးရှင်ပြော (ရုပ်သံ) ”

Vedioပါဝင်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့ ဖွင့်လှစ်သည့် (၂၃) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် သိန်း တစ်သောင်းဆုမဲသည် (ကဂ- ၄၀၆၁၀၄)နံပါတ်ဖြင့် ထွက်ရှိခဲ့ပါသည်။

ယင်းဆုကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ကံထူးရှင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၈x၄၉ လမ်းကြား၊ ဇီးအုပ်ကွက်သစ်တွင် နေထိုင်သူ မဝင်းဝင်းအိက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မွေးချင်းငါးယောက်အနက် အကြီးဆုံးဖြစ်သည့် သူမအနေဖြင့် ၅၆ လမ်း အောင်ပင်လယ်ဈေးတွင် သားငါးရောင်းချခြင်းဖြင့် မိသားစု၏ တာဝန်ကို ဖြေရှင်းနေရသလို လက်ရှိနေထိုင်သည့် နေရာမှာလည်း ကျူးကျော်သဘောမျိုး ငှားရမ်းနေထိုင် ရကြောင်းလည်း သိရသည်။

“ညီမ ထီထိုးတာကတော့ အသက် ၁၉ နှစ်အရွယ်ထဲကပါ။ တစ်ခါမှ မပေါက်ဖူးပါဘူး။ အခုပထမဆုံး ပေါက်တာက ကျပ်သိန်းတစ်သောင်းခွဲ ဖြစ်နေတော့ ခုထိမယုံနိုင်သေးဘူး။ ညီမက အခုနေတာက ကျူးသဘောမျိုး ဆိုတော့ နေတဲ့နေရာက စရိုက်နည်းနည်းကြမ်းတယ်။ အရင်က မိသားစုက အိမ်ပိုင်ပါ။

ငွေလိမ်ခံရပြီး အကြွေးတွေ တင်သွားတော့ ခုလိုအိမ်ငှားဘဝ ရောက်သွားတာပါ။ အဖေကနောက်အိမ်ထောင် ပြုသွားပြီးတဲ့နောက် အမေနဲ့တူတူ ဈေးရောင်းရင်းပဲ နေနေတာပါ။ ကျောင်းကလည်း အမေက ဆက်ထားပေမယ့် ၇ တန်းထဲက ထွက်လိုက်တာပါ’’ ဟု သူမ၏ လက်ရှိဘဝနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့သည်။

Credit Shwedailyonenews