Knowledge

“ ဗုဒၶဘုရားရွင္ဟာ ဘာလူမ်ိဳးလဲ?(‪ဗုဒၶဘုရားရွင္ကို‬ ကုလားလို႕ေျပာေနၾကသူမ်ားအတြက္) ”

“ ဗုဒၶဘုရားရွင္ဟာ ဘာလူမ်ိဳးလဲ?(‪ဗုဒၶဘုရားရွင္ကို‬ ကုလားလို႕ေျပာေနၾကသူမ်ားအတြက္) ”

သာကီဝင္ျမန္မာ(‪ဗုဒၶဘုရားရွင္ကို‬ ကုလားလို႕ေျပာေနျကသူမ်ားအတြက္)သူတို႔ဟာ ကပိလဝတ္၊ ေဒဝဒဟ၊ ေကာလိယ စတဲ့ သကာကီဝင္ေတြရဲ႕ သကၠတိုင္းဟာ မ်က္ေမွာက္ေခတ္ အိႏၵိယႏိုင္ငံတြင္း မဟုတ္ပဲ နီေပါႏိုင္ငံမွာ ဆိုတာေတာင္ မသိပဲ ေျပာဆိုေနၾကတယ္။
သာကီဝင္မင္းသားက ဘုရားျဖစ္လာတဲ့ ဗုဒၶနဲ႔ သာကီဝင္ေတြရဲ႕ သမိုင္းေၾကာင္းကို ေသျခာ မဖတ္ဘူးေတာ့ သူမ်ားေျပာတာ ဟုတ္လိမ့္ႏိုးႏိုး ျဖစ္ကုန္ၾကတာေပါ့။

(အဲသလို ဘူမသိ ကိုးမသိ သူမ်ားေျပာတာ ဟုတ္လိမ့္ႏိုး ထင္ေနရင္ သူမ်ား လိမ္ညာတာ ခံရႏိုင္ပါတယ္)ဗုဒၶႏွင့္ သူ႔ေဆြေတာ္မ်ိဳးေတာ္ သကၠ ဆိုတဲ့ သာကီဝင္ ေတြရဲ႕ သမိုင္းကေတာ့ . . .

၁။ သာကီဝင္ေတြ ျဖစ္လာမယ့္ ဥကၠာကရာဇ္မင္းႀကီးရဲ႕ သားေတာ္ေလးပါး၊ သမီးေတာ္ ငါးပါး နဲ႔ ေနာက္လိုက္ေနာက္ပါမ်ားဟာ မဇၥ်ိမေဒသသားမ်ားမဟုတ္

(ယေန႔နီေပါႏိုင္ငံနဲ႔ အိႏိၵယနယ္စပ္ေဒသ က ေဒသခံေတြမဟုတ္ပဲ) အလြန္ေရွးက်တဲ့ကာလက အလြန္ေဝးကြာတဲ့ေဒသမွ ေရႊ႕ေျပာင္းဝင္ေရာက္လာသူမ်ား ျဖစ္တယ္။

၂။ အဲ့ဒီလို႔ စတင္ ေရႊ႕ေျပာင္းလာခ်ိန္မွာ ကပိလ ရေသ့ႀကီးက သူ႔ေျမေနရာကို ၿမိဳ႕တည္ဖို႔ ေပးတဲ့အတြက္ ကပၸိလဝတၳဳ၊ ကပၸိလဝတ္ လို႔ ေခၚတာ ျဖစ္တယ္။

၃။ သက် သာကီဝင္ေတြ ဘယ္အရပ္ကလာတာလဲလို႔ မဇၥ်ိမေဒသက အာရိယံ၊ ျဒာဗီဒီယန္ ေတြက ေမးၾကတယ္။ သာကီဝင္ေတြက ျပန္ေျဖတယ္။ သူတို႔ဟာ အေရွ႕ အရပ္က လာၾကတာပါ တဲ့။ အေရွ႕အရပ္ဆိုတာ ေသျခာေအာင္ “ကပိလဝတ္မွ ၾကည့္လွ်င္ ေနထြက္ရာ အရပ္ဟာ သာကီဝင္ေတြရဲ႕ ဇာတိ ပါ” တဲ့။

၄။ အာရိယံျဗဟၼဏေတြကေတာ့ သူတုိ႔ဟာ အာဖဂန္နစၥတန္ ေတာင္ၾကားလမ္းမွ တဆင့္ မဇၥ်ိမ ေဒသတြင္းသို႔ အေနာက္ဘက္မွ ဝင္ေရာက္လာသူမ်ား ျဖစ္ေၾကာင္း ေျပာၾကတယ္။ ဒါေၾကာင့္ အေနာက္ဘက္ကို မ်က္ႏွာမူၿပီး လက္အုပ္ခ်ီ ရွိခိုးပါသတဲ့။

၅။ ေနာက္တစ္ခ်က္က ေနာင္ သာကီဝင္ျဖစ္လာမယ့္ သူေတြဟာ “ကၽြန္းေတာႀကီး ” ေတြ ရွိတဲ့ အရပ္က လာၾကတာပါတဲ့။ သူတို႔ဟာ ဟိမဝႏၲာေတာင္ေျခကို ပတ္ၿပီး ေရႊ႕ေျပာင္းလာၾကတာ ကၽြန္းေတာႀကီးေတြ ရွိတဲ့ေဒသကို ေရာက္တယ္။ ဇာတိေျမနဲ႔ တူသမို႔ တိုင္းႏိုင္ငံ ထူေထာင္ၿပီး ေနၾကတယ္။

ကပိလ ရေသ့ႀကီး ကလည္း ၿမိဳ႕တည္ဖို႔ ေနရာကို ေပးတယ္။ “သာကဝန=ကၽြန္းေတာ” ႀကီးမွာ ရွိတဲ့ ႏိုင္ငံမို႔ သာကျပည္လို႔လဲ ေခၚၾကတယ္။

၆။ ၁၉၅၈ အိႏၵိယ ေရွးေဟာင္းသုေတသနရဲ႕ ကပိလဝတ္၊ ေဒဝဒဟ ၿမိဳ႕ေဟာင္းမ်ား တူးေဖာ္မႈ အစီရင္ခံစာအရ သာကီဝင္ေတြဟာ အေနာက္ဘက္က ဝင္လာတဲ့ အာရိယံ ေတြလံုးဝ မဟုတ္ပါဘူးတဲ့။ သာကီဝင္ေတြဟာ တိဘက္ျမန္မာ ေခၚ တိဘက္တိုဘားမင္း အုပ္စုဝင္ေတြ ျဖစ္ပါသတဲ့။

(သာကီဝင္ေတြဟာ တိဘက္တိုဘားမင္း အုပ္စုဝင္ျဖစ္ေၾကာင္း အျခား အေထာက္အထား မ်ားစြာ ရွိေပမယ့္ စာရွည္လြန္းလို႔ ဤမွ်သာ)

၇။ ျပန္ခ်ဳပ္ရရင္ သာကီဝင္ေတြဟာ အိႏိၵယ၊ နီေပါ စတဲ့ (natives) ေဒသခံမ်ား မဟုတ္ၾကပဲ ကပိလဝတ္ရဲ႕ အေရွ႕ဘက္ ေနထြက္ရာအရပ္ ကၽြန္းေတာႀကီးေတြ ေပါက္တဲ့ အရပ္မွ (migration) ေရႊ႕ေျပာင္းလာသူမ်ား ျဖစ္ၾကတယ္။

၈။ ကပိလဝတ္ရဲ႕ ေနထြက္ရာ အရပ္လည္း ျဖစ္ရမယ္၊ ကၽြန္းေတာႀကီး ေတြလည္း ရွိရမယ္။ အဲ့ဒီ ေဒသ ဘယ္ေနရာမွာလို႔ စစ္ေဆးလိုက္ေတာ့ ယေန႔ ျမန္မာႏိုင္ငံ ကိုသာ ေတြ႕ရပါတယ္။

၉။ ဘီစီ ၉၀၀ ခန္႔က ကပိလဝတ္မွ အဘိရာဇာေခါင္းေဆာင္တဲ့ သာကီဝင္ အုပ္စု တစ္စုဟာ သူတို႔ဇာတိျဖစ္တဲ့ သဃၤႆ (တေကာင္း) ကို ျပန္လည္ ေရႊ႕ေျပာင္းလာၾကတယ္။

စစ္အင္အား ႀကီးတဲ့ အာရိယံကုလားျဖဴ မင္းက သမီးေတာင္းတာ မေပးလို႔၊ အင္အားျခင္းလည္း မယွဥ္ႏိုင္လို႔ ဇာတိတေကာင္းကို ျပန္ေျပးလာရျခင္းျဖစ္တယ္။ (ဒါကို သာကီဝင္ေတြ ပထမအႀကိမ္ တေကာင္းကို ေရႊ႕ေျပာင္းဝင္ေရာက္မႈ လို႔ေခၚတယ္)

၁၀။ ဘီစီ ၅၄၀ ခန္႔မွာ ဓဇရာဇာ ဦးေဆာင္တဲ့ သာကီဝင္ အုပ္စုတစ္စုဟာ သူတုိ႔ဇာတိ တေကာင္းကို ျပန္ေျပးလာရပါတယ္။ ဝိဋဒူပ မင္းသားက (genocide) လူမ်ိဳးတုန္း သတ္ျဖတ္လို႔ ထြက္ေျပးလာရတာ ျဖစ္တယ္။

ဒါေတြ အားလံုးကို ခ်ဳပ္လိုက္ရင္ သာကီဝင္ေတြရဲ႕ မူလဇာတိ native ဟာ ျမန္မာႏိုင္ငံ ျဖစ္ၿပီး ဥကၠာကရာဇ္ မင္းႀကီးရဲ႕ သား/သမီး ၉ ဦးနဲ႔ အဖြဲ႕ဟာ နီေပါႏိုင္ငံတြင္းမွာ ကပိလဝတ္ စတဲ့ ၿမိဳ႕ေတြကို တည္ေထာင္ ေနထိုင္ခဲ့ၾကျခင္း ျဖစ္တယ္။

ဗုဒၶရဲ႕ ဘိုးေတာ္၊ ေဘးေတာ္ သာကီဝင္မ်ားရဲ႕ ဇာတိဟာ ျမန္ႏိုင္ငံဧရိယာတြင္း ျဖစ္သမို႔ ေထရဝါဒ ဗုဒၶဘာသာဟာ ျမန္မာႏိုင္ငံမွာ ထြန္းကား သလားလို႔ ေတြးထင္မိတယ္။ကိုင္းဒီေတာ့ ျမန္မာေတြနဲ႔ ေသြးသားရင္း ျဖစ္တဲ့ သာကီဝင္မင္းသားကေန ဘုရားျဖစ္သြားတဲ့ ဗုဒၶဟာ ျမန္မာေတြအတြက္ ေသြးရင္းသားရင္းပါ။

ႏိုင္ငံျခားသား မဟုတ္ပါဘူး။ ဗုဒၶကို အိႏိၵယသား ထင္မွတ္ေနသူ မဟာပညာေရွာ္မ်ားကို ဗုဒၶဟာ နီေပါႏိုင္ငံ ကပိလဝတ္ၿမိဳ႕သား၊ ျမန္မာ့ေသြးသားရင့္း၊ သူ႔ဘိုးေဘးမ်ားဟာ ျမန္မာျပည္ဇာတိမ်ား ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

အကိုးအကား။ ။ ဦးလွသိန္းထဋ္ (ဘီေအ၊ ဓမၼာစရိယ) ၏ ဗုဒၶႏွင့္ ျမန္မာလူမ်ိဳးမင္းကြန္း ဆရာေတာ္ ဦးဝိစိတၱသာရာ ဘိဝံသ ရဲ႕ မဟာဗုဒၶဝင္မ်ားေတာင္ေပါက္ဆရာေတာ္ရဲ႕ ဗုဒၶသာသနိက ပဌဝီက်မ္းသိသာျမင္သာေစရန္ ေနဝါရီ သာကီဝင္ ႏြယ္မ်ား ဓာတ္ပံုျဖင့္ ျပသလိုက္ပါသည္။

ရုပ္ေတြက ျမန္မာနဲ႔ဆင္လား အိႏၵိယႏြယ္ဖြားနဲ႔ဆင္လားၾကည့္ခိုင္းလိုက္ ရုပ္တူတာတင္မက ေနဝါရီဘာသာ စကားမွာ ျမန္မာစကားနဲ႔တူတာေတြ အားႀကီးပဲ ….

ဂဏန္းသခ်ာၤ ၅=ငါး ကို ငါး လို႔ပဲေခၚတယ္။မီး ကို မီးပူတာကို ပူတာ၊ထိတာကို ထိတာ၊မီးပူဆိုတာကို မီးပူ၊ေနာက္ ေမးခြန္းမွန္သမ်ွ လား ပါတယ္။အျငင္းဝါက်မွန္သမ်ွ အေရွ႕မွာ`မ´ ထည့္ၿပီးေျပာတယ္။

အာလူး ကို အာလူး ပဲေခၚတယ္ ၀ရံတာ ကို ၀ရံတာ လို့ပဲေခၚတယ္။ေရထဲ က ငါး ကို လည္း ငါး လို ့ ပဲ ေခၚတယ္။ေန၀ါရီ လူမ်ိဴးႏွင့္ ျမန္မာလူမ်ိဴးတ္ို႔တူေသာေနာက္ထပ္စကားခ်ိဳ႕ရိွပါေသးတယ္…လမ္း ကို လမ္း။သြားသည္ကို ေလ််ွာက္ ။ေသာက္သည္ကို ေသာက္။အေခါင္းကို ေခါင္း။ႏွေခါင္းကို ႏွာ။မ်က္စိကို မ်က္။

ျမတ္ဗုဒၶကို ကိုယ္းကြယ္သူစည္းကပ္သူအမ်ားစုဟာ
မ်က္ႏွာ၀ိုင္းမ်ိဴးမ်ားျဖစ္ၿပီး ကမၻာ့လူမ်ိဴးႀကီးမ်ားျဖစ္တ့ဲ

ရာေ၀ရီယာန္ မြန္ဂိုလီယာန္ အင္ဒိုအာရီယာန္စတ့ဲ
ုံသုံးမ်ိဴးအနက္ထဲက အင္ဒိုအာရီယာန္ကုလားလူမ်ိဴး

မဟုတ္တာေသခ်ာတယ္…။က်န္တဲ ့ စကား လံုး အသံုး အႏႈန္း ေတြ တူတာ ေတြ အမ်ားႀကီး က်န္ေသးတယ္။နီေပါႏိုင္ငံမွာ ေနပါလီ လူမ်ိဳးနဲ႔ ေနဝါရီ လူမိ်ဳးဆိုၿပီးလူမ်ိဳး ၂ မ်ိဳး႐ွိတယ္။

ေနပါလီ က ပုဏၰား ျဗဟၼာဏ မ်ိဳးျဖစ္ၿပီး၊ေနဝါရီ လူမ်ိဳးက သာကီဝင္ မ်ိဳးျဖစ္ပါတယ္။အခုျပထားတဲ့ပံုက ေနဝါရီ မိန္းကေလးေတြပံုပါ။ေနဝါရီ လူမ်ိဳးအုပ္စုသည္ တိဘက္တိုဘားမန္း အုပ္စုျဖစ္ပါသည္။ကုလား မ်ိဳး အာရီယာန္ ႏြယ္မဟုတ္ပါသိသာျမင္သာေစရန္ ဓာတ္ပံု တင္ေပးလိုက္တာပါ။

CREDIT Su Htar ကိုးကား။ ။အေနာက္ရိုးမ ခ်စ္သူ Facebook Account မွကူးယူေဖာ္ျပပါသည္။

Unicode ျဖင့္ဖတ္ရန္

“ ဗုဒ္ဓဘုရားရှင်ဟာ ဘာလူမျိုးလဲ?(‪ဗုဒ္ဓဘုရားရှင်ကို‬ ကုလားလို့ပြောနေကြသူများအတွက်) ”

သာကီဝင်မြန်မာ(‪ဗုဒ္ဓဘုရားရှင်ကို‬ ကုလားလို့ပြောနေကြသူများအတွက်)သူတို့ဟာ ကပိလဝတ်၊ ဒေဝဒဟ၊ ကောလိယ စတဲ့ သကာကီဝင်တွေရဲ့ သက္ကတိုင်းဟာ မျက်မှောက်ခေတ် အိန္ဒိယနိုင်ငံတွင်း မဟုတ်ပဲ နီပေါနိုင်ငံမှာ ဆိုတာတောင် မသိပဲ ပြောဆိုနေကြတယ်။

သာကီဝင်မင်းသားက ဘုရားဖြစ်လာတဲ့ ဗုဒ္ဓနဲ့ သာကီဝင်တွေရဲ့ သမိုင်းကြောင်းကို သေခြာ မဖတ်ဘူးတော့ သူများပြောတာ ဟုတ်လိမ့်နိုးနိုး ဖြစ်ကုန်ကြတာပေါ့။

(အဲသလို ဘူမသိ ကိုးမသိ သူများပြောတာ ဟုတ်လိမ့်နိုး ထင်နေရင် သူများ လိမ်ညာတာ ခံရနိုင်ပါတယ်)ဗုဒ္ဓနှင့် သူ့ဆွေတော်မျိုးတော် သက္က ဆိုတဲ့ သာကီဝင် တွေရဲ့ သမိုင်းကတော့ . . .

၁။ သာကီဝင်တွေ ဖြစ်လာမယ့် ဥက္ကာကရာဇ်မင်းကြီးရဲ့ သားတော်လေးပါး၊ သမီးတော် ငါးပါး နဲ့ နောက်လိုက်နောက်ပါများဟာ မဇ္ဈိမဒေသသားများမဟုတ်

(ယနေ့နီပေါနိုင်ငံနဲ့ အိန္ဒိယနယ်စပ်ဒေသ က ဒေသခံတွေမဟုတ်ပဲ) အလွန်ရှေးကျတဲ့ကာလက အလွန်ဝေးကွာတဲ့ဒေသမှ ရွှေ့ပြောင်းဝင်ရောက်လာသူများ ဖြစ်တယ်။

၂။ အဲ့ဒီလို့ စတင် ရွှေ့ပြောင်းလာချိန်မှာ ကပိလ ရသေ့ကြီးက သူ့မြေနေရာကို မြို့တည်ဖို့ ပေးတဲ့အတွက် ကပ္ပိလဝတ္ထု၊ ကပ္ပိလဝတ် လို့ ခေါ်တာ ဖြစ်တယ်။

၃။ သကျ သာကီဝင်တွေ ဘယ်အရပ်ကလာတာလဲလို့ မဇ္ဈိမဒေသက အာရိယံ၊ ဒြာဗီဒီယန် တွေက မေးကြတယ်။ သာကီဝင်တွေက ပြန်ဖြေတယ်။ သူတို့ဟာ အရှေ့ အရပ်က လာကြတာပါ တဲ့။ အရှေ့အရပ်ဆိုတာ သေခြာအောင် “ကပိလဝတ်မှ ကြည့်လျှင် နေထွက်ရာ အရပ်ဟာ သာကီဝင်တွေရဲ့ ဇာတိ ပါ” တဲ့။

၄။ အာရိယံဗြဟ္မဏတွေကတော့ သူတို့ဟာ အာဖဂန်နစ္စတန် တောင်ကြားလမ်းမှ တဆင့် မဇ္ဈိမ ဒေသတွင်းသို့ အနောက်ဘက်မှ ဝင်ရောက်လာသူများ ဖြစ်ကြောင်း ပြောကြတယ်။ ဒါကြောင့် အနောက်ဘက်ကို မျက်နှာမူပြီး လက်အုပ်ချီ ရှိခိုးပါသတဲ့။

၅။ နောက်တစ်ချက်က နောင် သာကီဝင်ဖြစ်လာမယ့် သူတွေဟာ “ကျွန်းတောကြီး ” တွေ ရှိတဲ့ အရပ်က လာကြတာပါတဲ့။ သူတို့ဟာ ဟိမဝန္တာတောင်ခြေကို ပတ်ပြီး ရွှေ့ပြောင်းလာကြတာ ကျွန်းတောကြီးတွေ ရှိတဲ့ဒေသကို ရောက်တယ်။ ဇာတိမြေနဲ့ တူသမို့ တိုင်းနိုင်ငံ ထူထောင်ပြီး နေကြတယ်။

ကပိလ ရသေ့ကြီး ကလည်း မြို့တည်ဖို့ နေရာကို ပေးတယ်။ “သာကဝန=ကျွန်းတော” ကြီးမှာ ရှိတဲ့ နိုင်ငံမို့ သာကပြည်လို့လဲ ခေါ်ကြတယ်။

၆။ ၁၉၅၈ အိန္ဒိယ ရှေးဟောင်းသုတေသနရဲ့ ကပိလဝတ်၊ ဒေဝဒဟ မြို့ဟောင်းများ တူးဖော်မှု အစီရင်ခံစာအရ သာကီဝင်တွေဟာ အနောက်ဘက်က ဝင်လာတဲ့ အာရိယံ တွေလုံးဝ မဟုတ်ပါဘူးတဲ့။ သာကီဝင်တွေဟာ တိဘက်မြန်မာ ခေါ် တိဘက်တိုဘားမင်း အုပ်စုဝင်တွေ ဖြစ်ပါသတဲ့။

(သာကီဝင်တွေဟာ တိဘက်တိုဘားမင်း အုပ်စုဝင်ဖြစ်ကြောင်း အခြား အထောက်အထား များစွာ ရှိပေမယ့် စာရှည်လွန်းလို့ ဤမျှသာ)

၇။ ပြန်ချုပ်ရရင် သာကီဝင်တွေဟာ အိန္ဒိယ၊ နီပေါ စတဲ့ (natives) ဒေသခံများ မဟုတ်ကြပဲ ကပိလဝတ်ရဲ့ အရှေ့ဘက် နေထွက်ရာအရပ် ကျွန်းတောကြီးတွေ ပေါက်တဲ့ အရပ်မှ (migration) ရွှေ့ပြောင်းလာသူများ ဖြစ်ကြတယ်။

၈။ ကပိလဝတ်ရဲ့ နေထွက်ရာ အရပ်လည်း ဖြစ်ရမယ်၊ ကျွန်းတောကြီး တွေလည်း ရှိရမယ်။ အဲ့ဒီ ဒေသ ဘယ်နေရာမှာလို့ စစ်ဆေးလိုက်တော့ ယနေ့ မြန်မာနိုင်ငံ ကိုသာ တွေ့ရပါတယ်။

၉။ ဘီစီ ၉၀၀ ခန့်က ကပိလဝတ်မှ အဘိရာဇာခေါင်းဆောင်တဲ့ သာကီဝင် အုပ်စု တစ်စုဟာ သူတို့ဇာတိဖြစ်တဲ့ သင်္ဃဿ (တကောင်း) ကို ပြန်လည် ရွှေ့ပြောင်းလာကြတယ်။

စစ်အင်အား ကြီးတဲ့ အာရိယံကုလားဖြူ မင်းက သမီးတောင်းတာ မပေးလို့၊ အင်အားခြင်းလည်း မယှဉ်နိုင်လို့ ဇာတိတကောင်းကို ပြန်ပြေးလာရခြင်းဖြစ်တယ်။ (ဒါကို သာကီဝင်တွေ ပထမအကြိမ် တကောင်းကို ရွှေ့ပြောင်းဝင်ရောက်မှု လို့ခေါ်တယ်)

၁၀။ ဘီစီ ၅၄၀ ခန့်မှာ ဓဇရာဇာ ဦးဆောင်တဲ့ သာကီဝင် အုပ်စုတစ်စုဟာ သူတို့ဇာတိ တကောင်းကို ပြန်ပြေးလာရပါတယ်။ ဝိဋဒူပ မင်းသားက (genocide) လူမျိုးတုန်း သတ်ဖြတ်လို့ ထွက်ပြေးလာရတာ ဖြစ်တယ်။

ဒါတွေ အားလုံးကို ချုပ်လိုက်ရင် သာကီဝင်တွေရဲ့ မူလဇာတိ native ဟာ မြန်မာနိုင်ငံ ဖြစ်ပြီး ဥက္ကာကရာဇ် မင်းကြီးရဲ့ သား/သမီး ၉ ဦးနဲ့ အဖွဲ့ဟာ နီပေါနိုင်ငံတွင်းမှာ ကပိလဝတ် စတဲ့ မြို့တွေကို တည်ထောင် နေထိုင်ခဲ့ကြခြင်း ဖြစ်တယ်။

ဗုဒ္ဓရဲ့ ဘိုးတော်၊ ဘေးတော် သာကီဝင်များရဲ့ ဇာတိဟာ မြန်နိုင်ငံဧရိယာတွင်း ဖြစ်သမို့ ထေရဝါဒ ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံမှာ ထွန်းကား သလားလို့ တွေးထင်မိတယ်။ကိုင်းဒီတော့ မြန်မာတွေနဲ့ သွေးသားရင်း ဖြစ်တဲ့ သာကီဝင်မင်းသားကနေ ဘုရားဖြစ်သွားတဲ့ ဗုဒ္ဓဟာ မြန်မာတွေအတွက် သွေးရင်းသားရင်းပါ။

နိုင်ငံခြားသား မဟုတ်ပါဘူး။ ဗုဒ္ဓကို အိန္ဒိယသား ထင်မှတ်နေသူ မဟာပညာရှော်များကို ဗုဒ္ဓဟာ နီပေါနိုင်ငံ ကပိလဝတ်မြို့သား၊ မြန်မာ့သွေးသားရင့်း၊ သူ့ဘိုးဘေးများဟာ မြန်မာပြည်ဇာတိများ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

အကိုးအကား။ ။ ဦးလှသိန်းထဋ် (ဘီအေ၊ ဓမ္မာစရိယ) ၏ ဗုဒ္ဓနှင့် မြန်မာလူမျိုးမင်းကွန်း ဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ ရဲ့ မဟာဗုဒ္ဓဝင်များတောင်ပေါက်ဆရာတော်ရဲ့ ဗုဒ္ဓသာသနိက ပဌဝီကျမ်းသိသာမြင်သာစေရန် နေဝါရီ သာကီဝင် နွယ်များ ဓာတ်ပုံဖြင့် ပြသလိုက်ပါသည်။

ရုပ်တွေက မြန်မာနဲ့ဆင်လား အိန္ဒိယနွယ်ဖွားနဲ့ဆင်လားကြည့်ခိုင်းလိုက် ရုပ်တူတာတင်မက နေဝါရီဘာသာ စကားမှာ မြန်မာစကားနဲ့တူတာတွေ အားကြီးပဲ ….

ဂဏန်းသချာၤ ၅=ငါး ကို ငါး လို့ပဲခေါ်တယ်။မီး ကို မီးပူတာကို ပူတာ၊ထိတာကို ထိတာ၊မီးပူဆိုတာကို မီးပူ၊နောက် မေးခွန်းမှန်သမျှ လား ပါတယ်။အငြင်းဝါကျမှန်သမျှ အရှေ့မှာ`မ´ ထည့်ပြီးပြောတယ်။

အာလူး ကို အာလူး ပဲခေါ်တယ် ဝရံတာ ကို ဝရံတာ လို့ပဲခေါ်တယ်။ရေထဲ က ငါး ကို လည်း ငါး လို့ ပဲ ခေါ်တယ်။နေဝါရီ လူမျိူးနှင့် မြန်မာလူမျိူးတို့တူသောနောက်ထပ်စကားချို့ရှိပါသေးတယ်…လမ်း ကို လမ်း။သွားသည်ကို လျျှောက် ။သောက်သည်ကို သောက်။အခေါင်းကို ခေါင်း။နှခေါင်းကို နှာ။မျက်စိကို မျက်။

မြတ်ဗုဒ္ဓကို ကိုယ်းကွယ်သူစည်းကပ်သူအများစုဟာ
မျက်နှာဝိုင်းမျိူးများဖြစ်ပြီး ကမ္ဘာ့လူမျိူးကြီးများဖြစ်တဲ့

ရာဝေရီယာန် မွန်ဂိုလီယာန် အင်ဒိုအာရီယာန်စတဲ့
ုံသုံးမျိူးအနက်ထဲက အင်ဒိုအာရီယာန်ကုလားလူမျိူး

မဟုတ်တာသေချာတယ်…။ကျန်တဲ့ စကား လုံး အသုံး အနှုန်း တွေ တူတာ တွေ အများကြီး ကျန်သေးတယ်။နီပေါနိုင်ငံမှာ နေပါလီ လူမျိုးနဲ့ နေဝါရီ လူမျိုးဆိုပြီးလူမျိုး ၂ မျိုးရှိတယ်။

နေပါလီ က ပုဏ္ဏား ဗြဟ္မာဏ မျိုးဖြစ်ပြီး၊နေဝါရီ လူမျိုးက သာကီဝင် မျိုးဖြစ်ပါတယ်။အခုပြထားတဲ့ပုံက နေဝါရီ မိန်းကလေးတွေပုံပါ။နေဝါရီ လူမျိုးအုပ်စုသည် တိဘက်တိုဘားမန်း အုပ်စုဖြစ်ပါသည်။ကုလား မျိုး အာရီယာန် နွယ်မဟုတ်ပါသိသာမြင်သာစေရန် ဓာတ်ပုံ တင်ပေးလိုက်တာပါ။

CREDIT Su Htar ကိုးကား။ ။အနောက်ရိုးမ ချစ်သူ Facebook Account မှကူးယူဖော်ပြပါသည်။