Knowledge

ျမန္မာနိုင္ငံေတာ္၏ ပထမဆုံး ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး စမစ္ဒြန္း

ျမန္မာနိုင္ငံေတာ္၏ ပထမဆုံး ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး စမစ္ဒြန္း

1948 ဇန္နဝါရီလ ၄ ရက္ေန႔ ပထမဆံုးလြတ္လပ္ေရးေန႔မွာ ျမန္မာနိုင္ငံ၏ ပထမဆံုးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္(စစ္ဦးစီးခ်ဳပ္) ျဖစ္လာသူဗိုလ္ခ်ဳပ္ စမစ္ဒြန္း

၁၉၄၈ ခုႏွစ္ ဇန္နဝါရီ ၄ ရက္ေန႕တြင္ ဂရိတ္ၿဗိတိန္နိုင္ငံထံမွ (အဂၤလိပ္လို “Burma” အျဖစ္ႏွင့္) ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံေတာ္ အျဖစ္ လြတ္လပ္ေရး ရရွိခဲ့ၿပီးျပည္ေထာင္စုျမန္မာနိုင္ငံေတာ္၏ ပထမဆုံးသမၼတ မွာ (ရွမ္းတိုင္းရင္းသား )အဂၢမဟာသေရစည္သူအဂၢမဟာသီရိသုဓမၼ စဝ္ေ႐ႊသိုက္ ျဖစ္ၿပီး

ပထမဆုံးဝန္ႀကီးခ်ဳပ္မွ (ဗမာတိုင္းရင္းသား) သခင္ႏု ျဖစ္၍ ပထမဆုံး ကာကြယ္ေရးဦးစီးခ်ဳပ္မွာ (ကရင္ တိုင္းရင္းသား) ဗိုလ္ခ်ဳပ္ႀကီးစမစ္ဒြန္း ျဖစ္ပါသည္။

အရပ္အေမာင္း ပုေသးေသးနဲ႕ အရပ္ ၄ ေပသာသာသာ ရွိတဲ့အတြက္ “ဗိုလ္မႉးႀကီး ေလးေပ ”လို႔လည္း လူသိမ်ားတဲ့ ဗိုလ္ခ်ဳပ္ စမစ္ဒြန္းကို ၁၉၀၆ ခုႏွစ္ နိုဝင္ဘာ ၁၁ ရက္ေန႕မွာ ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။

ကရင္အမ်ိဳးသား ဗိုလ္ခ်ဳပ္ စမစ္ဒြန္းဟာ အိႏၵိယနိုင္ငံ ဒယ္ရဒြန္း စစ္တကၠသိုလ္ရဲ႕ ပထမဆုံးအပတ္စဥ္ ေက်ာင္းသားတဦးျဖစ္ခဲ့ၿပီး သင္တန္းမွာ အေတာ္ဆုံးေက်ာင္းသားလို႔ အသိအမွတ္ျပဳ ခံရသူပါ။

ဒုတိယ ကမာၻစစ္အတြင္း ဂ်ပန္သိမ္းပိုက္ထားတဲ့ ျမစ္ဝကြၽန္းေပၚေဒသကို ေလထီးနဲ႕ ခုန္ဆင္းၿပီး ေဒသခံ ကရင္ေျပာက္က်ားတပ္ဖြဲ႕ေတြကို ဦးေဆာင္ခဲ့ပါတယ္။ဗိုလ္မႉးႀကီး စမစ္ဒြန္းဟာ ျမန္မာ့လြတ္လပ္ေရး ႀကိဳးပမ္းမႈ အေစာပိုင္းကာလမွာ အဓိကအခန္းက ပါဝင္ခဲ့တဲ့အတြက္

အသစ္ျပန္လည္ ဖြဲ႕စည္းတဲ့ ျမန္မာတပ္မေတာ္မွာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္အျဖစ္ ခန႔္အပ္ခဲ့ၿပီး ဗိုလ္ခ်ဳပ္အဆင့္ ရာထူးတိုးျမႇင့္ ခန႔္ထားခဲ့တယ္။
အဲဒါဟာ လူမ်ိဳးေပါင္းစုံပါဝင္တဲ့ အနာဂတ္ျပည္ေထာင္စု ျမန္မာနိုင္ငံမွာ တိုင္းရင္းသား လူမ်ိဳးစုေတြနဲ႕ ဗမာေတြအၾကား ယုံၾကည္မႈ တည္ေဆာက္တဲ့ ေျခလွမ္းတခု ျဖစ္ပါတယ္။ဗိုလ္ခ်ဳပ္ ေအာင္ဆန္းရဲ႕ ယုံၾကည္ရဆုံးပုဂၢိဳလ္ ကာကြယ္ေရးဝန္ႀကီး ဗိုလ္လက်ာ္ကိုယ္တိုင္

ဗိုလ္ခ်ဳပ္ စမစ္ဒြန္း၊ ဗိုလ္မႉးခ်ဳပ္ ေစာၾကာဒိုး စတဲ့ တိုင္းရင္းသား ကရင္အမ်ိဳးသား တပ္မေတာ္ေခါင္းေဆာင္ေတြရဲ႕ သစၥာရွိမႈကို အသိအမွတ္ ျပဳခဲ့ပါတယ္။

၁၉၄၉ ခုႏွစ္ ကရင္လူမ်ိဳးေတြ ကိုယ္ပိုင္လြတ္လပ္ေရးအတြက္ စတင္ တိုက္ခိုက္ၾကတဲ့အခါမွာေတာ့ အဲဒီ ယုံၾကည္မႈ ယိမ္းယိုင္ခဲ့ရတယ္။ ဗိုလ္ခ်ဳပ္ စမစ္ဒြန္းကို သူ႕ရဲ႕ ကရင္တပ္ဖြဲ႕ေတြနဲ႕အတူ တပ္မေတာ္ရာထူးေတြက ရပ္ဆိုင္းပစ္ခဲ့ၾကတယ္။

စမစ္ဒြန္းဟာ ကရင္အမ်ိဳးသားေရး စိတ္ဓာတ္ျပင္းျပသူတေယာက္ ျဖစ္ေပမယ့္ ဗမာ့တပ္မေတာ္အေပၚ အၿမဲတမ္းသစၥာရွိၿပီး စစ္သားေကာင္းပီသတဲ့ ေခါင္းေဆာင္တေယာက္ ျဖစ္ပါတယ္။

တပ္မေတာ္ဦးစီးခ်ဳပ္တေယာက္ အေနနဲ႕ စမစ္ဒြန္းဟာ ကရင္ တပ္ဖြဲ႕ေတြကို ထက္ျမက္ၿပီး စစ္စည္းကမ္းျပည့္ဝေအာင္ လုပ္ေဆာင္ခဲ့တယ္။

တပ္မေတာ္ကေန ထုတ္ပယ္ခံရၿပီး ေနာက္ပိုင္းမွာလည္း အစိုးရက သူ႕အေပၚ သံသယထားခဲ့တယ္။ ၁၉၇၉ ခုႏွစ္ ကြယ္လြန္ ခ်ိန္အထိ ေစာင့္ၾကည့္ခံခဲ့ရတယ္။

ဗိုလ္ခ်ဳပ္ စမစ္ဒြန္းဟာ ဘဝရဲ႕ ေနာက္ဆုံးႏွစ္ေတြကို ရွမ္းျပည္နယ္ ကေလာၿမိဳ႕မွာ ေနထိုင္ရင္း ဥယ်ာဥ္စိုက္ပ်ိဳးၿပီး စာေရး စာဖတ္တဲ့ အလုပ္နဲ႕ပဲ ျဖတ္သန္းခဲ့တယ္။

သူမ ကြယ္လြန္ခင္ သူ႕ရဲ႕ ကိုယ္ေရးအတၳဳပၸတိၱ စာအုပ္ျဖစ္တဲ့ “Memoirs of the Four-foot Colonel” ဟာ ေရးသားၿပီးစီးခဲ့ၿပီး သူကြယ္လြန္ၿပီးလို႔ တႏွစ္အၾကာမွာ Cornell University ရဲ႕ အေရွ႕ေတာင္အာရွ အစီအစဥ္က ထုတ္ေဝျဖန႔္ခ်ိခဲ့ပါတယ္။

#ဝီကီပီဒီယားမွ

[Unicode]

မြန်မာနိုင်ငံတော်၏ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း

1948 ဇန်နဝါရီလ ၄ ရက်နေ့ ပထမဆုံးလွတ်လပ်ရေးနေ့မှာ မြန်မာနိုင်ငံ၏ ပထမဆုံးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(စစ်ဦးစီးချုပ်) ဖြစ်လာသူဗိုလ်ချုပ် စမစ်ဒွန်း

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ဂရိတ်ဗြိတိန်နိုင်ငံထံမှ (အင်္ဂလိပ်လို “Burma” အဖြစ်နှင့်) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အဖြစ် လွတ်လပ်ရေး ရရှိခဲ့ပြီးပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတ မှာ (ရှမ်းတိုင်းရင်းသား )အဂ္ဂမဟာသရေစည်သူအဂ္ဂမဟာသီရိသုဓမ္မ စဝ်ရွှေသိုက် ဖြစ်ပြီး

ပထမဆုံးဝန်ကြီးချုပ်မှ (ဗမာတိုင်းရင်းသား) သခင်နု ဖြစ်၍ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ်မှာ (ကရင် တိုင်းရင်းသား) ဗိုလ်ချုပ်ကြီးစမစ်ဒွန်း ဖြစ်ပါသည်။

အရပ်အမောင်း ပုသေးသေးနဲ့ အရပ် ၄ ပေသာသာသာ ရှိတဲ့အတွက် “ဗိုလ်မှူးကြီး လေးပေ ”လို့လည်း လူသိများတဲ့ ဗိုလ်ချုပ် စမစ်ဒွန်းကို ၁၉၀၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မွေးဖွားခဲ့ပါတယ်။

ကရင်အမျိုးသား ဗိုလ်ချုပ် စမစ်ဒွန်းဟာ အိန္ဒိယနိုင်ငံ ဒယ်ရဒွန်း စစ်တက္ကသိုလ်ရဲ့ ပထမဆုံးအပတ်စဉ် ကျောင်းသားတဦးဖြစ်ခဲ့ပြီး သင်တန်းမှာ အတော်ဆုံးကျောင်းသားလို့ အသိအမှတ်ပြု ခံရသူပါ။

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်သိမ်းပိုက်ထားတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင်ပြောက်ကျားတပ်ဖွဲ့တွေကို ဦးဆောင်ခဲ့ပါတယ်။ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်းကာလမှာ အဓိကအခန်းက ပါဝင်ခဲ့တဲ့အတွက်

အသစ်ပြန်လည် ဖွဲ့စည်းတဲ့ မြန်မာတပ်မတော်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။

အဲဒါဟာ လူမျိုးပေါင်းစုံပါဝင်တဲ့ အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေအကြား ယုံကြည်မှု တည်ဆောက်တဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။ဗိုလ်ချုပ် အောင်ဆန်းရဲ့ ယုံကြည်ရဆုံးပုဂ္ဂိုလ် ကာကွယ်ရေးဝန်ကြီး ဗိုလ်လကျာ်ကိုယ်တိုင်

ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး စတဲ့ တိုင်းရင်းသား ကရင်အမျိုးသား တပ်မတော်ခေါင်းဆောင်တွေရဲ့ သစ္စာရှိမှုကို အသိအမှတ် ပြုခဲ့ပါတယ်။

၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင် တိုက်ခိုက်ကြတဲ့အခါမှာတော့ အဲဒီ ယုံကြည်မှု ယိမ်းယိုင်ခဲ့ရတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းကို သူ့ရဲ့ ကရင်တပ်ဖွဲ့တွေနဲ့အတူ တပ်မတော်ရာထူးတွေက ရပ်ဆိုင်းပစ်ခဲ့ကြတယ်။

စမစ်ဒွန်းဟာ ကရင်အမျိုးသားရေး စိတ်ဓာတ်ပြင်းပြသူတယောက် ဖြစ်ပေမယ့် ဗမာ့တပ်မတော်အပေါ် အမြဲတမ်းသစ္စာရှိပြီး စစ်သားကောင်းပီသတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။

တပ်မတော်ဦးစီးချုပ်တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်းပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။

တပ်မတော်ကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်းမှာလည်း အစိုးရက သူ့အပေါ် သံသယထားခဲ့တယ်။ ၁၉၇၉ ခုနှစ် ကွယ်လွန် ချိန်အထိ စောင့်ကြည့်ခံခဲ့ရတယ်။

ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ်စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။

သူမ ကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ “Memoirs of the Four-foot Colonel” ဟာ ရေးသားပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

#ဝီကီပီဒီယားမှ