Knowledge

Single Mom ျဖစ္ေပမယ့္ သားကိုဆရာဝန္ျဖစ္ေအာင္ ငါးေရာင္းရင္းေဆးေက်ာင္းထားေပးခဲ့တဲ့မိခင္

Single Mom ျဖစ္ေပမယ့္ သားကိုဆရာဝန္ျဖစ္ေအာင္ ငါးေရာင္းရင္းေဆးေက်ာင္းထားေပးခဲ့တဲ့မိခင္

မဂၤလာပါ ပရိသတ္ႀကီးေရ ယခုေဖာ္ျပေပးမွာကေတာ့ Single mom ျဖစ္ေပမယ့္ အားမေလ်ာ့ပဲ ဆရာဝန္ျဖစ္ခ်င္တဲ့ သားအတြက္ ငါးေရာင္းၿပီး ရွာေဖြေပးခဲ့တဲ့ မိခင္တစ္ေယာက္ရဲ႕ ေမတၱာကိုေဖာ္ျပေပးမွာျဖစ္ပါတယ္။

Nanita Ronquillo ဆိုတဲ့ အမ်ိဳးသမီးဟာ အသက္ ၅၅ႏွစ္ရွိၿပီး ေဈးထဲမွာ ငါးေရာင္းတဲ့ အလုပ္ကို လုပ္ကိုင္ေနတဲ့ Single Mom တစ္ေယာက္ျဖစ္ပါတယ္။

အိမ္ေထာင္ေရးကံမေကာင္းခဲ့ေပမယ့္ သူမမွာ သားတစ္ေယာက္ရွိခဲ့ၿပီး သူ႔မရဲ႕ဆႏၵကေတာ့ သားျဖစ္သူကို ေဆးေက်ာင္းထားႏိုင္ရမယ္ ဆိုတာပါ။သူမေဈး ေရာင္း ရတဲ့တစ္ေန႔စာ ဝင္ေငြက သားျဖစ္သူကို ေဆးေက်ာင္းထားဖို႔ ဘယ္လိုမွမျဖစ္ႏိုင္ဘူး ဆိုတာသိေပမဲ့သူမရဲ႕ ဆႏၵကေတာ့ ရပ္တန႔္မသြားခဲ့ပါဘူး။

သူမရဲ႕ သားျဖစ္သူကို ပိုေကာင္းတဲ့ဘဝမွာ ေအာင္ျမင္တဲ့သူတစ္ဦးျဖစ္ေစရမယ္လို႔ ယုံၾကည္ထားၿပီးဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ သူမရဲ႕ ယုံၾကည္ခ်က္ကို အပ်က္မခံပဲမရမကႀကိဳးစားခဲ့သူလည္းျဖစ္ပါတယ္။

Nanita ရဲ႕ ခင္ပြန္းျဖစ္သူက သူမကြဲၿပီး ေနာက္အိမ္ေထာင္အသစ္နဲ႔ ေနေနတာျဖစ္ၿပီး Nanita ကေတာ့ သားတစ္ေယာက္နဲ႔ ဘဝကို ႐ုန္းကန္းႀကိဳးစားေန ရတာျဖစ္ပါတယ္။ေဈးေရာင္းျခင္းက အျခားသူေတြအတြက္ေတာ့ သက္သာတဲ့ အလုပ္တစ္ခုလို႔ ထင္ခ်င္ထင္ေပမဲ့ သူမအတြက္ေတာ့ မလြယ္ကူခဲ့ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ တစ္ခါတေလမွာ ငါးေတြမကုန္ရင္ညေန ၅နာရီ / ၆နာရီေလာက္အထိ ထိုင္ေရာင္းရၿပီး မနက္ဆိုလည္း ၅နာရီေလာက္ထၿပီး ေဈးဗန္းခင္း အလုပ္စေနရပါၿပီ။

သားျဖစ္သူေက်ာင္းစရိတ္အတြက္ ေဈးကိုမနက္ပိုင္းတင္ မဟုတ္ပဲ မနက္နဲ႔ေရာင္းလို႔မကုန္ရင္ ညေနပိုင္းေတြပါ အပိုေငြရေအာင္ ေရာင္းေနရပါတယ္။

သူမ တစ္ေန႔ ေဈးေရာင္းရတဲ့ ဝင္ေငြက တစ္ေန႔ကို PHP 1000 (အေမရိကန္ေဒၚလာ ၁၉) ေလာက္အထိ ရၿပီးေက်ာင္းစရိတ္ကို ဝင္ေငြက မမွ်တဲ့အတြက္ သားျဖစ္သူ ေက်ာင္းနားခဲ့ရတဲ့ ႏွစ္ေတြလည္း ရွိခဲ့ပါတယ္လို႔ေျပာပါတယ္။

အျခားသူေတြ ၄ ႏွစ္နဲ႔ ဘြဲ႕ရခဲ့ေပမဲ့ သူမရဲ႕ သားကေတာ့ ၆ ႏွစ္ေနမွဘြဲ႕ကိုရရွိခဲ့တာပါ။ အခုေတာ့ သူမရဲ႕ ႀကိဳးစားအား ထုတ္မႈေတြက အရာထင္ခဲ့ပါၿပီ ေအာင္ျမင္ခဲ့ပါၿပီ။သူမျဖစ္ေစခ်င္သလို သားျဖစ္သူလည္း ေဆးေက်ာင္းက ဘြဲ႕ရလို႔ ဆရာဝန္ႀကီးေတာင္ ျဖစ္ေနပါၿပီ။

သို႔ေပမယ့္ သူမမွာ ႏွလုံးေရာဂါရွိတာေၾကာင့္ အခုဆို သားျဖစ္သူက အလုပ္ေပးမလုပ္ေတာ့ဘဲ သူမကိုျပန္လည္ ျပဳစုေစာင့္ေရွာက္ေနပါတယ္။ဖတ္ရႈ႕အားေပးတဲ့ ပရိသတ္ႀကီးလည္း သာယာေသာေန႔ေလး ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္။

Credit Original Writer

[Unicode]

Single Mom ဖြစ်ပေမယ့် သားကိုဆရာဝန်ဖြစ်အောင် ငါးရောင်းရင်းဆေးကျောင်းထားပေးခဲ့တဲ့မိခင်

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ Single mom ဖြစ်ပေမယ့် အားမလျော့ပဲ ဆရာဝန်ဖြစ်ချင်တဲ့ သားအတွက် ငါးရောင်းပြီး ရှာဖွေပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကိုဖော်ပြပေးမှာဖြစ်ပါတယ်။

Nanita Ronquillo ဆိုတဲ့ အမျိုးသမီးဟာ အသက် ၅၅နှစ်ရှိပြီး ဈေးထဲမှာ ငါးရောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ Single Mom တစ်ယောက်ဖြစ်ပါတယ်။

အိမ်ထောင်ရေးကံမကောင်းခဲ့ပေမယ့် သူမမှာ သားတစ်ယောက်ရှိခဲ့ပြီး သူ့မရဲ့ဆန္ဒကတော့ သားဖြစ်သူကို ဆေးကျောင်းထားနိုင်ရမယ် ဆိုတာပါ။သူမဈေး ရောင်း ရတဲ့တစ်နေ့စာ ဝင်ငွေက သားဖြစ်သူကို ဆေးကျောင်းထားဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုတာသိပေမဲ့သူမရဲ့ ဆန္ဒကတော့ ရပ်တန့်မသွားခဲ့ပါဘူး။

သူမရဲ့ သားဖြစ်သူကို ပိုကောင်းတဲ့ဘဝမှာ အောင်မြင်တဲ့သူတစ်ဦးဖြစ်စေရမယ်လို့ ယုံကြည်ထားပြီးဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူမရဲ့ ယုံကြည်ချက်ကို အပျက်မခံပဲမရမကကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။

Nanita ရဲ့ ခင်ပွန်းဖြစ်သူက သူမကွဲပြီး နောက်အိမ်ထောင်အသစ်နဲ့ နေနေတာဖြစ်ပြီး Nanita ကတော့ သားတစ်ယောက်နဲ့ ဘဝကို ရုန်းကန်းကြိုးစားနေ ရတာဖြစ်ပါတယ်။ဈေးရောင်းခြင်းက အခြားသူတွေအတွက်တော့ သက်သာတဲ့ အလုပ်တစ်ခုလို့ ထင်ချင်ထင်ပေမဲ့ သူမအတွက်တော့ မလွယ်ကူခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှာ ငါးတွေမကုန်ရင်ညနေ ၅နာရီ / ၆နာရီလောက်အထိ ထိုင်ရောင်းရပြီး မနက်ဆိုလည်း ၅နာရီလောက်ထပြီး ဈေးဗန်းခင်း အလုပ်စနေရပါပြီ။

သားဖြစ်သူကျောင်းစရိတ်အတွက် ဈေးကိုမနက်ပိုင်းတင် မဟုတ်ပဲ မနက်နဲ့ရောင်းလို့မကုန်ရင် ညနေပိုင်းတွေပါ အပိုငွေရအောင် ရောင်းနေရပါတယ်။

သူမ တစ်နေ့ ဈေးရောင်းရတဲ့ ဝင်ငွေက တစ်နေ့ကို PHP 1000 (အမေရိကန်ဒေါ်လာ ၁၉) လောက်အထိ ရပြီးကျောင်းစရိတ်ကို ဝင်ငွေက မမျှတဲ့အတွက် သားဖြစ်သူ ကျောင်းနားခဲ့ရတဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်လို့ပြောပါတယ်။

အခြားသူတွေ ၄ နှစ်နဲ့ ဘွဲ့ရခဲ့ပေမဲ့ သူမရဲ့ သားကတော့ ၆ နှစ်နေမှဘွဲ့ကိုရရှိခဲ့တာပါ။ အခုတော့ သူမရဲ့ ကြိုးစားအား ထုတ်မှုတွေက အရာထင်ခဲ့ပါပြီ အောင်မြင်ခဲ့ပါပြီ။သူမဖြစ်စေချင်သလို သားဖြစ်သူလည်း ဆေးကျောင်းက ဘွဲ့ရလို့ ဆရာဝန်ကြီးတောင် ဖြစ်နေပါပြီ။

သို့ပေမယ့် သူမမှာ နှလုံးရောဂါရှိတာကြောင့် အခုဆို သားဖြစ်သူက အလုပ်ပေးမလုပ်တော့ဘဲ သူမကိုပြန်လည် ပြုစုစောင့်ရှောက်နေပါတယ်။ဖတ်ရှု့အားပေးတဲ့ ပရိသတ်ကြီးလည်း သာယာသောနေ့လေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Credit Original Writer