LocalNews

ဖုန္းအသစ္ဝယ္ဖို႔နဲ႔ အေႂကြးဆပ္ ဖို႔ကို မိမိ၏ ကေလးငယ္ကို ေရာင္းစားၿပီး ျပသာနာကို ေျဖရွင္းလိုက္တဲ့ မိခင္

ဖုန္းအသစ္ဝယ္ဖို႔နဲ႔ အေႂကြးဆပ္ဖို႔ကို အျခားနည္းလမ္းအမ်ိဳးမ်ိဳးသုံးၿပီးေျဖရွင္းလို႔ရပါတယ္ ။ သို႔ေပမဲ့လည္း မိမိ၏ကေလးငယ္ကိုေရာင္းစားၿပီး ျပသာနာ ကိုေျဖရွင္းလိုက္တာကေတာ့ လုံးဝမျပဳလုပ္သင့္တဲ့ အရာတစ္ခုပါ

။ ဒီတစ္ေခါက္မွာ လည္း တ႐ုတ္ႏိုင္ငံ Cixiၿမိဳ႕က အသက္ 20အ႐ြယ္မိန္းကေလးဟာ သူမရဲ႕ Credit card အေႂကြးေတြကိုဆပ္ဖို႔နဲ႔ ဖုန္းအသစ္ဝယ္ဖို႔အတြက္ ႀကံမိႀကံရာမည္သူမွမစဥ္းစားဖူးတဲ့ အရာတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္ ။

Ma အမည္ရွိ တဲ့အဆိုပါမိန္းကေလးဟာ အမႊာကေလးႏွစ္ေယာက္ကိုကိုယ္ဝန္ေဆာင္ထားရစဥ္ကတည္းက တိတ္တိတ္ပုန္းကိုယ္ဝန္ရထားခဲ့တာျဖစ္သည့္အတြက္ သူမ၏မိဘမ်ားကိုစိတ္ဆိုးေဒါသထြက္ေစခဲ့ၿပီး ေငြေရးေၾကးေရးႏွင့္ပက္သက္ၿပီးမိဘထံမွ အကူအညီရရွိခဲ့ျခင္းမ်ိဳးမရွိပါဘူး ။

ကေလးေတြ ရဲ႕အေဖျဖစ္တဲ့ Wu Nanဆိုသည့္အမ်ိဳးသားအနားသို႔သြားၿပီးေငြေရးေၾကးေရး အကူအညီေတာင္းလို႔လည္းမရပါဘူး ။ ဘာလို႔လည္းဆိုေတာ့ ကေလးေတြရဲ႕ဖခင္ဟာ ေလာင္းကစားအေႂကြးေတြနဲ႔ ဝိုင္းဝိုင္းလည္ေနခဲ့လို႔ပါ ။


အမႊာသားေယာက်ၤားေလးေမြးၿပီး တစ္ပတ္အၾကာမွာေတာ့ Ma ဟာသူမရဲ႕ သား တစ္ေယာက္ကို 4,5000 yuan (ျမန္မာေငြ 96သိန္းေက်ာ္) ႏွင့္ေရာင္ခ်ခဲ့ၿပီး က်န္ေနေသးတဲ့သားတစ္ေယာက္ကိုေတာ့ 20,000 yuan (ျမန္မာေငြ 42 သိန္းေက်ာ္) ႏွင့္ထပ္မံေရာင္းခ်ခဲ့ပါတယ္ ။ သူမ ဟာအေႂကြးဆပ္ဖို႔ေငြလုံလုံေလာက္ေလာက္ ရရွိခဲ့တဲ့အျပင္ သူမအတြက္လည္းဖုန္းအသစ္တစ္လုံးဝယ္ခဲ့ပါေသးတယ္ ။

သို႔ေပမဲ့လည္း သူမတစ္ေယာက္ တည္း ကေလးေရာင္းခ်လို႔ရတဲ့အျမတ္ေငြကို ရရွိခဲ့တာမဟုတ္ပါဘူး ။ ကေလးဖခင္ျဖစ္သူ Wu ကအဆိုပါသတင္းကိုၾကားလိုက္ခ်ိန္မွာေတာ့ Ma ဆီသို႔ အလ်င္အျမန္သြားေရာက္ၿပီး သူ၏ေလာင္းကစားအေႂကြးအတြက္ပိုက္ဆံေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္ ။

ကံေကာင္းစြာနဲ႔ပဲ ရဲ အရာရွိမ်ားက ကေလးငယ္ေတြရဲ႕ မိဘႏွစ္ပါးေနာက္ ေျခရာခံလိုက္ၿပီး ႏွစ္ေယာက္လုံးကိုဖမ္းဆီးႏိုင္ခဲ့ပါတယ္ ။ ထို႔ေနာက္ ကေလးေရာင္းခ်ၿပီး ရရွိခဲ့တဲ့ပိုက္ဆံေတြအကုန္လုံးကိုလည္း ကေလးမိဘႏွစ္ေယာက္လုံးက သုံးျဖဳန္းပစ္ခဲ့ၿပီျဖစ္ေၾကာင္း သိရွိခဲ့ရပါတယ္ ။

ကေလးငယ္ေတြကို ရက္စက္စြာေရာင္းခ်ခဲ့တဲ့ မိခင္ျဖစ္သူ Ma ဟာ “ကြၽန္မမွာ ပိုက္ဆံတစ္ျပား တစ္ခ်က္မွမရွိဘူးၿပီးေတာ့ အေႂကြးေတြနဲ႔ျပည့္ႏွက္ေနတယ္ ။

အဲ့ေၾကာင့္ ကြၽန္မဒီလိုလုပ္ရမွာပဲေလ “ဆိုၿပီးေျပာဆိုသြားခဲ့ပါတယ္ ။ ကေလးငယ္ေတြကို ဝယ္ယူခဲ့ၾကတဲ့သူေတြက ရဲအရာရွိေတြကိုတိုင္ၾကားခဲ့တဲ့အတြက္ အဆိုပါစုံတြဲကိုေျခရာခံႏိုင္ခဲ့ျခင္းျဖစ္ပါတယ္ ။

အမႊာကေလးငယ္ႏွစ္ေယာက္ဟာ ယခုခ်ိန္မွာေတာ့ ျပန္လည္ဆုံစည္းႏိုင္ခဲ့ၿပီး Ma ၏မိဘႏွစ္ပါးမွအဆိုပါကေလးငယ္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ ရရွိခဲ့ပါတယ္ ။

Credit mmrenews

Unicode

ဖုန်းအသစ်ဝယ်ဖို့နဲ့ အကြွေးဆပ်ဖို့ကို အခြားနည်းလမ်းအမျိုးမျိုးသုံးပြီးဖြေရှင်းလို့ရပါတယ် ။ သို့ပေမဲ့လည်း မိမိ၏ကလေးငယ်ကိုရောင်းစားပြီး ပြသာနာ ကိုဖြေရှင်းလိုက်တာကတော့ လုံးဝမပြုလုပ်သင့်တဲ့ အရာတစ်ခုပါ

။ ဒီတစ်ခေါက်မှာ လည်း တရုတ်နိုင်ငံ Cixiမြို့က အသက် 20အရွယ်မိန်းကလေးဟာ သူမရဲ့ Credit card အကြွေးတွေကိုဆပ်ဖို့နဲ့ ဖုန်းအသစ်ဝယ်ဖို့အတွက် ကြံမိကြံရာမည်သူမှမစဉ်းစားဖူးတဲ့ အရာတစ်ခုကိုပြုလုပ်ခဲ့ပါတယ် ။


Ma အမည်ရှိ တဲ့အဆိုပါမိန်းကလေးဟာ အမွှာကလေးနှစ်ယောက်ကိုကိုယ်ဝန်ဆောင်ထားရစဉ်ကတည်းက တိတ်တိတ်ပုန်းကိုယ်ဝန်ရထားခဲ့တာဖြစ်သည့်အတွက် သူမ၏မိဘများကိုစိတ်ဆိုးဒေါသထွက်စေခဲ့ပြီး ငွေရေးကြေးရေးနှင့်ပက်သက်ပြီးမိဘထံမှ အကူအညီရရှိခဲ့ခြင်းမျိုးမရှိပါဘူး ။

ကလေးတွေ ရဲ့အဖေဖြစ်တဲ့ Wu Nanဆိုသည့်အမျိုးသားအနားသို့သွားပြီးငွေရေးကြေးရေး အကူအညီတောင်းလို့လည်းမရပါဘူး ။ ဘာလို့လည်းဆိုတော့ ကလေးတွေရဲ့ဖခင်ဟာ လောင်းကစားအကြွေးတွေနဲ့ ဝိုင်းဝိုင်းလည်နေခဲ့လို့ပါ ။

အမွှာသားယောင်္ကျားလေးမွေးပြီး တစ်ပတ်အကြာမှာတော့ Ma ဟာသူမရဲ့ သား တစ်ယောက်ကို 4,5000 yuan (မြန်မာငွေ 96သိန်းကျော်) နှင့်ရောင်ချခဲ့ပြီး ကျန်နေသေးတဲ့သားတစ်ယောက်ကိုတော့ 20,000 yuan (မြန်မာငွေ 42 သိန်းကျော်) နှင့်ထပ်မံရောင်းချခဲ့ပါတယ် ။ သူမ ဟာအကြွေးဆပ်ဖို့ငွေလုံလုံလောက်လောက် ရရှိခဲ့တဲ့အပြင် သူမအတွက်လည်းဖုန်းအသစ်တစ်လုံးဝယ်ခဲ့ပါသေးတယ် ။

သို့ပေမဲ့လည်း သူမတစ်ယောက် တည်း ကလေးရောင်းချလို့ရတဲ့အမြတ်ငွေကို ရရှိခဲ့တာမဟုတ်ပါဘူး ။ ကလေးဖခင်ဖြစ်သူ Wu ကအဆိုပါသတင်းကိုကြားလိုက်ချိန်မှာတော့ Ma ဆီသို့ အလျင်အမြန်သွားရောက်ပြီး သူ၏လောင်းကစားအကြွေးအတွက်ပိုက်ဆံပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

ကံကောင်းစွာနဲ့ပဲ ရဲ အရာရှိများက ကလေးငယ်တွေရဲ့ မိဘနှစ်ပါးနောက် ခြေရာခံလိုက်ပြီး နှစ်ယောက်လုံးကိုဖမ်းဆီးနိုင်ခဲ့ပါတယ် ။ ထို့နောက် ကလေးရောင်းချပြီး ရရှိခဲ့တဲ့ပိုက်ဆံတွေအကုန်လုံးကိုလည်း ကလေးမိဘနှစ်ယောက်လုံးက သုံးဖြုန်းပစ်ခဲ့ပြီဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။

ကလေးငယ်တွေကို ရက်စက်စွာရောင်းချခဲ့တဲ့ မိခင်ဖြစ်သူ Ma ဟာ “ကျွန်မမှာ ပိုက်ဆံတစ်ပြား တစ်ချက်မှမရှိဘူးပြီးတော့ အကြွေးတွေနဲ့ပြည့်နှက်နေတယ် ။

အဲ့ကြောင့် ကျွန်မဒီလိုလုပ်ရမှာပဲလေ “ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။ ကလေးငယ်တွေကို ဝယ်ယူခဲ့ကြတဲ့သူတွေက ရဲအရာရှိတွေကိုတိုင်ကြားခဲ့တဲ့အတွက် အဆိုပါစုံတွဲကိုခြေရာခံနိုင်ခဲ့ခြင်းဖြစ်ပါတယ် ။

အမွှာကလေးငယ်နှစ်ယောက်ဟာ ယခုချိန်မှာတော့ ပြန်လည်ဆုံစည်းနိုင်ခဲ့ပြီး Ma ၏မိဘနှစ်ပါးမှအဆိုပါကလေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိခဲ့ပါတယ် ။

Credit mmrenews