LocalNews

ကိုဗစ္ကာကြယ္ေဆး ေဖေဖာ္ဝါရီတြင္ ျမန္မာသို့ေရာက္မည္ဟု ေမၽွာ္မွန္းဟု ဦးေဇာ္ေဌးေျပာ

ကိုဗစ္ကာကြယ္ေဆး ေဖေဖာ္ဝါရီတြင္ ျမန္မာသို့ေရာက္မည္ဟု ေမၽွာ္မွန္းဟု ဦးေဇာ္ေဌးေျပာ

ရန္ကုန္၊ ဇန္နဝါရီ ၀၉

အေမရိကန္ေဒၚလာ သန္း ၁၅၀ ျဖင့္ အိႏၵိယနိုင္ငံထံမွ ဝယ္ယူထားသည့္ ကိုဗစ္ကာကြယ္ေဆးမ်ား ျမန္မာ နိုင္ငံသို့ ေဖေဖာ္ဝါရီလတြင္ ေရာက္ရွိလာမည္ဟု ေမၽွာ္မွန္းထားေၾကာင္း နိုင္ငံေတာ္သမၼတ႐ုံး၏ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားလိုက္သည္။

အိႏၵိယနိုင္ငံက ကိုဗစ္ကာကြယ္ေဆးထုတ္သည့္ကုမၸဏီ Serum Institute ထံမွ COVISHIELD အမည္ရ ကိုဗစ္ကာကြယ္ေဆးကို လူ ၁၅ သန္းစာအတြက္ (တစ္ဦးလၽွင္ ႏွစ္ႀကိမ္ႏွုန္းျဖင့္ အႀကိမ္ေရ သန္း ၃၀) ဝယ္ယူထားေၾကာင္း သမၼတ႐ုံး၌ ယေန႔ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ၎က ေျပာဆိုသည္။

ေဆးဝယ္ယူရန္အတြက္ က်န္းမာေရးဝန္ႀကီးဌာနက ကိုယ္စားလွယ္အဖြဲ႕သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂၀ ရက္ေန႔မွ ၂၄ ရက္ေန႔အထိ အိႏၵိယနိုင္ငံသို့ သြားေရာက္ခဲ့ၿပီး ေဆးဝယ္ရန္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ ေၾကာင္း၊

ကုန္အမွာစာကို ဇန္နဝါရီလ ၅ ရက္ေန႔တြင္ ေပးပို့ထားၿပီးျဖစ္ကာ ေဒၚလာသန္း ၁၅၀ ကို ႏွစ္ႀကိမ္ခြဲၿပီး ေပးသြင္းရမည္ျဖစ္ေၾကာင္း ဦးေဇာ္ေဌးက ဆိုသည္။

ပထမအရစ္ ေဒၚလာ ၇၅သန္းကို ဇန္နဝါရီလ ၂၄ ရက္ေန႔ ေနာက္ဆုံးထားကာ လႊဲပို့ေပးရမည္ျဖစ္ၿပီး ယင္းေနာက္ ေဆးအႀကိမ္ေရ ၁၀ သန္း ျမန္မာနိုင္သို့ ပို့ေပးရမည္ျဖစ္ေၾကာင္း၊

ယင္းေဆးရရွိၿပီးေနာက္ ပထမဆုံး ႐ုံးဖြင့္ရက္တြင္ ဒုတိယအရစ္ ေဒၚလာ ၇၅ သန္းကို ထပ္မံလႊဲပို့ေပးရမည္ျဖစ္ေၾကာင္း ၎က ေျပာဆိုသည္။

“အျမန္ဆုံးပို့ေပးဖို့ ညႇိႏွိုင္းေနပါတယ္။ ေဖေဖာ္ဝါရီလထဲမွာ ရမလား ေမၽွာ္မွန္းထားပါတယ္” ဟု ဦးေဇာ္ေဌးက ဆက္လက္ေျပာဆိုသည္။ေဆးရရွိလၽွင္ က်န္းမာေရးဝန္ထမ္း ၁၁၀,၀၀၀ ေက်ာ္ကို ဦးစားေပး စတင္ထိုးေပးမည္ျဖစ္ေၾကာင္း၊

ကာကြယ္ေဆးအတြက္ တ႐ုတ္နိုင္ငံႏွင့္လည္း ညႇိႏွိုင္းေနၿပီး WHO ထံမွ ဖြံ့ၿဖိဳးဆဲနိုင္ငံမ်ားရရွိမည့္ ကိုဗစ္ကာကြယ္ေဆးအတြက္လည္း လုပ္ေဆာင္ေနေၾကာင္း ၎က ေျပာၾကားသည္။

COVISHIELD ေဆးသည္ ၿဗိတိန္နိုင္ငံ Oxford တကၠသိုလ္က ထုတ္သည့္ေဆးျဖစ္ၿပီး ယင္းေဆးကို အိႏၵိယတြင္ ထုတ္လုပ္ေနျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

ကာကြယ္ေဆးဝယ္ယူရန္အတြက္ အစိုးရက ရန္ပုံေငြတည္ေထာင္ထားရာ ဇန္နဝါရီလ ၇ ရက္ေန႔အထိ လူပုဂၢိဳလ္ ၁၁၇ ဦးက က်ပ္သန္း ၁၄၀၀ နီးပါး၊ လူပုဂၢိဳလ္ ငါးဦးက အေမရိန္ကန္ေဒၚလာ ၂ဒသမ ၅၅ သန္း လွူဒါန္းထားေၾကာင္း သမၼတ႐ုံးထံမွ သိရသည္။

COVID-19 ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီသည္ ကိုဗစ္ကာကြယ္ေဆးမ်ား ဝယ္ယူရရွိနိုင္ရန္ ကိုဗစ္ကာကြယ္ေဆးဝယ္ယူရရွိေရး ရန္ပုံေငြစီမံခန္႔ခြဲမွုဆပ္ေကာ္မတီကို ဖြဲ႕စည္းၿပီ း

ကာကြယ္ေဆးဝယ္ယူေရးရန္ပုံေငြ(COVID-19 Vaccination Fund) ကို ျမန္မာ့စီးပြားေရးဘဏ္၊ ေနျပည္ေတာ္တို့တြင္တည္ေထာင္ကာ လွူဒါန္းလိုသူမ်ားကို ဖိတ္ေခၚထားသည္။

အဆိုပါဆပ္ေကာ္မတီတြင္ နိုင္ငံျခားေငြစာရင္းႏွင့္ ျမန္မာက်ပ္ေငြေငြစာရင္းႏွစ္ခုရွိၿပီးနိုင္ငံျခားေငြစာရင္း အမွတ္EDC 600012 တြင္နိုင္ငံေတာ္က က်ပ္ ၃၃၈ ဘီလီယံခန္႔ႏွင့္ညီမၽွသည့္ အေမရိကန္ေဒၚလာသန္း၂၅၀ကို

နိုင္ငံေတာ္မတည္ရန္ပုံေငြ ထည့္သြင္းထားသည္။ျမန္မာက်ပ္ေငြစာရင္းအမွတ္OA 013733 သို့လည္း နိုင္ငံေတာ္ကမတည္ရန္ပုံေငြ က်ပ္သန္းတစ္ေထာင္ ထည့္သြင္းထားၿပီး ယင္းေငြစာရင္းအမွတ္ႏွစ္ခုတြင္ ထည့္ဝင္လွူဒါန္းနိုင္ေၾကာင္း စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မွုဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

The Voice News Journal
Credit Thatinhtoo

Unicode ျဖင့္ဖတ္ရန္

ကိုဗစ်ကာကွယ်ဆေး ဖေဖော်ဝါရီတွင် မြန်မာသို့ရောက်မည်ဟု မျှော်မှန်းဟု ဦးဇော်ဌေးပြော

ရန်ကုန်၊ ဇန်နဝါရီ ၀၉

အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြင့် အိန္ဒိယနိုင်ငံထံမှ ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေးများ မြန်မာ နိုင်ငံသို့ ဖေဖော်ဝါရီလတွင် ရောက်ရှိလာမည်ဟု မျှော်မှန်းထားကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

အိန္ဒိယနိုင်ငံက ကိုဗစ်ကာကွယ်ဆေးထုတ်သည့်ကုမ္ပဏီ Serum Institute ထံမှ COVISHIELD အမည်ရ ကိုဗစ်ကာကွယ်ဆေးကို လူ ၁၅ သန်းစာအတွက် (တစ်ဦးလျှင် နှစ်ကြိမ်နှုန်းဖြင့် အကြိမ်ရေ သန်း ၃၀) ဝယ်ယူထားကြောင်း သမ္မတရုံး၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုသည
ဆေးဝယ်ယူရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဆေးဝယ်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ ကြောင်း၊

ကုန်အမှာစာကို ဇန်နဝါရီလ ၅ ရက်နေ့တွင် ပေးပို့ထားပြီးဖြစ်ကာ ဒေါ်လာသန်း ၁၅၀ ကို နှစ်ကြိမ်ခွဲပြီး ပေးသွင်းရမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ပထမအရစ် ဒေါ်လာ ၇၅သန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ နောက်ဆုံးထားကာ လွှဲပို့ပေးရမည်ဖြစ်ပြီး ယင်းနောက် ဆေးအကြိမ်ရေ ၁၀ သန်း မြန်မာနိုင်သို့ ပို့ပေးရမည်ဖြစ်ကြောင်း၊

ယင်းဆေးရရှိပြီးနောက် ပထမဆုံး ရုံးဖွင့်ရက်တွင် ဒုတိယအရစ် ဒေါ်လာ ၇၅ သန်းကို ထပ်မံလွှဲပို့ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အမြန်ဆုံးပို့ပေးဖို့ ညှိနှိုင်းနေပါတယ်။ ဖေဖော်ဝါရီလထဲမှာ ရမလား မျှော်မှန်းထားပါတယ်” ဟု ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။ဆေးရရှိလျှင် ကျန်းမာရေးဝန်ထမ်း ၁၁၀,၀၀၀ ကျော်ကို ဦးစားပေး စတင်ထိုးပေးမည်ဖြစ်ကြောင်း၊

ကာကွယ်ဆေးအတွက် တရုတ်နိုင်ငံနှင့်လည်း ညှိနှိုင်းနေပြီး WHO ထံမှ ဖွံ့ဖြိုးဆဲနိုင်ငံများရရှိမည့် ကိုဗစ်ကာကွယ်ဆေးအတွက်လည်း လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။

COVISHIELD ဆေးသည် ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က ထုတ်သည့်ဆေးဖြစ်ပြီး ယင်းဆေးကို အိန္ဒိယတွင် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကာကွယ်ဆေးဝယ်ယူရန်အတွက် အစိုးရက ရန်ပုံငွေတည်ထောင်ထားရာ ဇန်နဝါရီလ ၇ ရက်နေ့အထိ လူပုဂ္ဂိုလ် ၁၁၇ ဦးက ကျပ်သန်း ၁၄၀၀ နီးပါး၊ လူပုဂ္ဂိုလ် ငါးဦးက အမေရိန်ကန်ဒေါ်လာ ၂ဒသမ ၅၅ သန်း လှူဒါန်းထားကြောင်း သမ္မတရုံးထံမှ သိရသည်။

COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသည် ကိုဗစ်ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရန် ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီကို ဖွဲ့စည်းပြီ း

ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေ(COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တို့တွင်တည်ထောင်ကာ လှူဒါန်းလိုသူများကို ဖိတ်ခေါ်ထားသည်။

အဆိုပါဆပ်ကော်မတီတွင် နိုင်ငံခြားငွေစာရင်းနှင့် မြန်မာကျပ်ငွေငွေစာရင်းနှစ်ခုရှိပြီးနိုင်ငံခြားငွေစာရင်း အမှတ်EDC 600012 တွင်နိုင်ငံတော်က ကျပ် ၃၃၈ ဘီလီယံခန့်နှင့်ညီမျှသည့် အမေရိကန်ဒေါ်လာသန်း၂၅၀ကို

နိုင်ငံတော်မတည်ရန်ပုံငွေ ထည့်သွင်းထားသည်။မြန်မာကျပ်ငွေစာရင်းအမှတ်OA 013733 သို့လည်း နိုင်ငံတော်ကမတည်ရန်ပုံငွေ ကျပ်သန်းတစ်ထောင် ထည့်သွင်းထားပြီး ယင်းငွေစာရင်းအမှတ်နှစ်ခုတွင် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

The Voice News Journal
Credit Thatinhtoo