LocalNews

“ အသက္ ( ၆၄ ) ႏွစ္ လူပ်ိဳႀကီးဘဝနဲ႔ မ်က္မျမင္ အေမႀကီးကို ရွာေကြၽးေနရွာတဲ့သားအမိရဲ ့ျဖစ္ရပ္ေလး ”

“ အသက္ ( ၆၄ ) ႏွစ္ လူပ်ိဳႀကီးဘဝနဲ႔ မ်က္မျမင္ အေမႀကီးကို ရွာေကြၽးေနရွာတဲ့သားအမိရဲ ့ျဖစ္ရပ္ေလး ”

မ်က္စိမျမင္ရွာေတာ့တဲ့ အေမအိုႀကီးခမ်ာ သားလက္ကို မလြတ္တမ္း က်စ္က်စ္ပါေအာင္ဆုပ္ၿပီး ငိုပါေတာ့တယ္ ။အဘကလဲ အေမလက္ကို ဆြဲလို႔ ရႈိက္ႀကီးတငင္ ငိုေနရွာတယ္။

ရင္ေတြတုန္လို႔ဆို ရင္ဘတ္ေလးေတြ ဖိၿပီး ငိုေနလိုက္ၾကတာမ်ား ပုံ႔တို႔ပါ မ်က္ရည္က်ရပါေတာ့တယ္။အဖြားက ၈၆ ႏွစ္ မ်က္စိႏွစ္ကြင္း လုံးဝအလင္းမရရွာေတာ့ပါဘူး။သားသမီး ၃ ေယာက္ရွိတဲ့အနက္ ၂ ေယာက္က ေသသြားၾကၿပီ။

ဒီအဘတစ္ေယာက္သာ ရွိေတာ့တာရယ္ အဘကလဲ အသက္ ၆၄ ႏွစ္ လူပ်ိဳႀကီးဘဝနဲ႔ မ်က္မျမင္ အေမႀကီးကို ရွာေကြၽးရွာတယ္။အဘက သားေကာင္းပီသစြာ မိဘဝတၱရားေတြ ေက်ခဲ့ေပမဲ့ ကံတရားက အဘကို မ်က္ႏွာသာ မေပးခဲ့ပါဘူး။

ႀကဳံရက်ပန္းလုပ္ၿပီး အဖြားကိုဘဲ ေကာင္းေကာင္းေကြၽး ေဆးကုေပးနဲ႔ အနစ္နာခံခဲ့တဲ့အဘ သူ႔ဆီးခ်ိဳေရာဂါအတြက္ ေဆးေတာင္ ဝယ္မေသာက္ရက္ခဲ့ပါဘူး။ျဖစ္သလိုစား ေဆးကုမေသာက္ရနဲ႔ ေနာက္ဆုံးေတာ့ အဘမ်က္စိႏွစ္ကြင္းလဲ ကြယ္လုနီးပါးျဖစ္ခဲ့ရပါၿပီ။

ဒီလိုနဲ႔ ဘာအလုပ္မွ မလုပ္ႏိုင္တဲ့အဆုံး ရပ္ကြက္ကာ ျပဳစုေစာင့္ေရွာက္ မႈေတြနဲ႔ ဘဝကိုဆက္ရင္း အိမ္ထဲမွာဘဲ ဝါးလုံးတန္းေလးေတြနဲ႔ သြားႏိုင္ေတာ့တယ္။ေနာက္ဆုံး ပတ္ဝန္းက်င္ကေနၿပီး အဘတို႔အတြက္ အေကာင္းဆုံးစီစဥ္ေပးဖို႔ မေ႐ႊၾကာနဲ႔ ဆက္သြယ္မိပါေတာ့တယ္။

အမေ႐ႊၾကာက ပုံ႔တို႔ကို ဆက္သြယ္လာတာနဲ႔ အဘတို႔ေနတဲ့ မဲဇလီကုန္းၿမိဳ႕ဆီကို ညတြင္းခ်င္းထြက္ခဲ့ၿပီး အဘတို႔ သားအမိကို ခိုလႈံရာဆီသို႔ ေခၚလာခဲ့ပါတယ္။

မ်က္စိမျမင္ၾကရွာေတာ့တဲ့ သားအမိႏွစ္ေယာက္ ရင္ဖတ္ေလးေတြ ဖိၿပီး ငိုေနလိုက္ၾကတာဆိုတာ ရင္ထဲကို နင့္ေနတာပါဘဲ။လူသားတိုင္း အိုဆင္းရဲကင္းၾကပါေစလို႔ ဆုေတာင္းရင္းသား။

Credit Original Writer

Unicode ျဖင့္ဖတ္ရန္

“ အသက် ( ၆၄ ) နှစ် လူပျိုကြီးဘဝနဲ့ မျက်မမြင် အမေကြီးကို ရှာကျွေးနေရှာတဲ့သားအမိရဲ့ဖြစ်ရပ်လေး ”

မျက်စိမမြင်ရှာတော့တဲ့ အမေအိုကြီးခမျာ သားလက်ကို မလွတ်တမ်း ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ငိုပါတော့တယ် ။အဘကလဲ အမေလက်ကို ဆွဲလို့ ရှိုက်ကြီးတငင် ငိုနေရှာတယ်။

ရင်တွေတုန်လို့ဆို ရင်ဘတ်လေးတွေ ဖိပြီး ငိုနေလိုက်ကြတာများ ပုံ့တို့ပါ မျက်ရည်ကျရပါတော့တယ်။အဖွားက ၈၆ နှစ် မျက်စိနှစ်ကွင်း လုံးဝအလင်းမရရှာတော့ပါဘူး။သားသမီး ၃ ယောက်ရှိတဲ့အနက် ၂ ယောက်က သေသွားကြပြီ။

ဒီအဘတစ်ယောက်သာ ရှိတော့တာရယ် အဘကလဲ အသက် ၆၄ နှစ် လူပျိုကြီးဘဝနဲ့ မျက်မမြင် အမေကြီးကို ရှာကျွေးရှာတယ်။အဘက သားကောင်းပီသစွာ မိဘဝတ္တရားတွေ ကျေခဲ့ပေမဲ့ ကံတရားက အဘကို မျက်နှာသာ မပေးခဲ့ပါဘူး။
ကြုံရကျပန်းလုပ်ပြီး အဖွားကိုဘဲ ကောင်းကောင်းကျွေး ဆေးကုပေးနဲ့ အနစ်နာခံခဲ့တဲ့အဘ သူ့ဆီးချိုရောဂါအတွက် ဆေးတောင် ဝယ်မသောက်ရက်ခဲ့ပါဘူး။ဖြစ်သလိုစား ဆေးကုမသောက်ရနဲ့ နောက်ဆုံးတော့ အဘမျက်စိနှစ်ကွင်းလဲ ကွယ်လုနီးပါးဖြစ်ခဲ့ရပါပြီ။

ဒီလိုနဲ့ ဘာအလုပ်မှ မလုပ်နိုင်တဲ့အဆုံး ရပ်ကွက်ကာ ပြုစုစောင့်ရှောက် မှုတွေနဲ့ ဘဝကိုဆက်ရင်း အိမ်ထဲမှာဘဲ ဝါးလုံးတန်းလေးတွေနဲ့ သွားနိုင်တော့တယ်။နောက်ဆုံး ပတ်ဝန်းကျင်ကနေပြီး အဘတို့အတွက် အကောင်းဆုံးစီစဉ်ပေးဖို့ မရွှေကြာနဲ့ ဆက်သွယ်မိပါတော့တယ်။

အမရွှေကြာက ပုံ့တို့ကို ဆက်သွယ်လာတာနဲ့ အဘတို့နေတဲ့ မဲဇလီကုန်းမြို့ဆီကို ညတွင်းချင်းထွက်ခဲ့ပြီး အဘတို့ သားအမိကို ခိုလှုံရာဆီသို့ ခေါ်လာခဲ့ပါတယ်။

မျက်စိမမြင်ကြရှာတော့တဲ့ သားအမိနှစ်ယောက် ရင်ဖတ်လေးတွေ ဖိပြီး ငိုနေလိုက်ကြတာဆိုတာ ရင်ထဲကို နင့်နေတာပါဘဲ။လူသားတိုင်း အိုဆင်းရဲကင်းကြပါစေလို့ ဆုတောင်းရင်းသား။

Credit Original Writer