WorldNews

ပစၥည္းတစ္ခုကိုမသိမ္းဘဲ ေနပူထဲထားခဲ့မိလို႔ အိမ္ေဖာ္ကို သစ္ပင္မွာႀကိဳးနဲ႔ခ်ည္ၿပီး အျပစ္ေပးခဲ့တဲ့ သူႂကြယ္မိသားစု

အေတာ္ဆုံးအလုပ္သမားတိုင္းလည္း အမွားလုပ္မိတာေတြ ရွိတတ္ပါတယ္။သို႔ေပမဲ့ ဘယ္ေလာက္ဘဲ ႀကီးငယ္တဲ့အမွားျဖစ္ေနပါေစ ၎အတြက္ စိတ္ထိန္းၿပီး အျပစ္ေလ်ာ့ေပးသင့္ပါတယ္။

ကံမေကာင္းစြာနဲ႔ဘဲ အသက္၂၆ ႏွစ္အ႐ြယ္ Lovely Acosta Baruelo အမည္ရွိဖိလစ္ပိုင္အမ်ိဳးသမီးဟာ Saudi Arabia ႏိုင္ငံ Riyadh ၿမိဳ႕ရွိ ခ်မ္းသာႂကြယ္ဝတဲ့မိသားစုအိမ္မွာ အိမ္ေဖာ္အျဖစ္အလုပ္လုပ္ေနတုန္း အိမ္ရွင္ရဲ႕ပရိေဘာဂအပိုင္းအစတစ္ခုကို

ေန႔ခင္းေနေရာင္ျခည္ေအာက္မွာ မသိမ္းဘဲ က်န္ထားခဲ့မိတဲ့အတြက္ေၾကာင့္ ေနပူထဲမွာေနရျခင္းရဲ႕အက်ိဳးသက္ေရာက္မႈကို ခံစားရေစဖို႔ သူမအား သစ္ပင္တစ္ပင္မွာႀကိဳးကပ္ခ်ည္ထားၿပီး အျပစ္ေပးခဲ့ၾကပါတယ္။

အဆိုပါသူႂကြယ္မိသားစုဟာ သူတို႔ရဲ႕ပရိေဘာဂအစိတ္အပိုင္းက ေနရဲ႕အပူရွိန္ေၾကာင့္ အေရာင္မ်ားေမွးမွိန္ေလ်ာ့နည္းသြားၿပီး ပ်က္စီးသြားႏိုင္တာေၾကာင့္ သူမကို သင္ခန္းစာေပးဖို႔ ေနေရာင္ေအာက္ကသစ္ပင္တစ္ပင္မွာ ႀကိဳးခ်ည္ထားခဲ့တာပါ။

၎လိုျပဳလုပ္ျခင္းက သူတို႔အိမ္ေဖာ္ရဲ႕က်န္းမာေရးထက္ ေစ်းႀကီးပစၥည္းေတြရဲ႕လုံၿခဳံမႈကို ပိုမိုစိုးရိမ္ပူပန္ေနၾကပုံရပါတယ္။ထိတ္လန႔္ေနခဲ့တဲ့ Lovely ရဲ႕လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက ၎အျဖစ္အပ်က္ကို ႐ိုက္ယူေပးခဲ့တာပါ။

အဆိုပါလုပ္ေဖာ္ကိုင္ဖက္က သူတို႔ရဲ႕အလုပ္ရွင္ဟာ လက္ျဖင့္ သူတို႔အား ပုံမွန္အျပစ္ေပးတတ္ေၾကာင္း ဆိုခဲ့ပါတယ္။ထို႔ေနာက္ Lovely ရဲ႕လုပ္ေဖာ္ကိုင္ဖက္မ်ားဟာ ရဲစခန္းအား Lovely ရဲ႕အေျခအေနကိုေျပာျပၿပီး သူမအား ဖိလစ္ပိုင္ႏိုင္ငံသို႔လုံၿခဳံစြာအိမ္ျပန္ႏိုင္ေအာင္ကူညီေပးခဲ့ၾကေၾကာင္း


ဖိလစ္ပိုင္ႏိုင္ငံျခားေရးဌာန (DFA) က ေျပာၾကားခဲ့ပါတယ္။ဖိလစ္ပိုင္သို႔ျပန္ေရာက္သြားခဲ့တဲ့ Lovely ဟာ သူမအား ကူညီေပးခဲ့သူတိုင္းကို ေက်းဇူးတင္ေနခဲ့ၿပီး Saudi Arabia မွာ အလုပ္လုပ္ဖို႔ ထြက္ခြါသြားတဲ့ အျခားဖိလစ္ပိုင္အလုပ္သမားမ်ားႏွင့္ပတ္သက္ၿပီးလည္း အကူအညီေတာင္းခံေပးခဲ့ပါေသးတယ္။

Credit tartay

Unicode

အတော်ဆုံးအလုပ်သမားတိုင်းလည်း အမှားလုပ်မိတာတွေ ရှိတတ်ပါတယ်။သို့ပေမဲ့ ဘယ်လောက်ဘဲ ကြီးငယ်တဲ့အမှားဖြစ်နေပါစေ ၎င်းအတွက် စိတ်ထိန်းပြီး အပြစ်လျော့ပေးသင့်ပါတယ်။

ကံမကောင်းစွာနဲ့ဘဲ အသက်၂၆ နှစ်အရွယ် Lovely Acosta Baruelo အမည်ရှိဖိလစ်ပိုင်အမျိုးသမီးဟာ Saudi Arabia နိုင်ငံ Riyadh မြို့ရှိ ချမ်းသာကြွယ်ဝတဲ့မိသားစုအိမ်မှာ အိမ်ဖော်အဖြစ်အလုပ်လုပ်နေတုန်း အိမ်ရှင်ရဲ့ပရိဘောဂအပိုင်းအစတစ်ခုကို

နေ့ခင်းနေရောင်ခြည်အောက်မှာ မသိမ်းဘဲ ကျန်ထားခဲ့မိတဲ့အတွက်ကြောင့် နေပူထဲမှာနေရခြင်းရဲ့အကျိုးသက်ရောက်မှုကို ခံစားရစေဖို့ သူမအား သစ်ပင်တစ်ပင်မှာကြိုးကပ်ချည်ထားပြီး အပြစ်ပေးခဲ့ကြပါတယ်။

အဆိုပါသူကြွယ်မိသားစုဟာ သူတို့ရဲ့ပရိဘောဂအစိတ်အပိုင်းက နေရဲ့အပူရှိန်ကြောင့် အရောင်များမှေးမှိန်လျော့နည်းသွားပြီး ပျက်စီးသွားနိုင်တာကြောင့် သူမကို သင်ခန်းစာပေးဖို့ နေရောင်အောက်ကသစ်ပင်တစ်ပင်မှာ ကြိုးချည်ထားခဲ့တာပါ။

၎င်းလိုပြုလုပ်ခြင်းက သူတို့အိမ်ဖော်ရဲ့ကျန်းမာရေးထက် ဈေးကြီးပစ္စည်းတွေရဲ့လုံခြုံမှုကို ပိုမိုစိုးရိမ်ပူပန်နေကြပုံရပါတယ်။ထိတ်လန့်နေခဲ့တဲ့ Lovely ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက ၎င်းအဖြစ်အပျက်ကို ရိုက်ယူပေးခဲ့တာပါ။

အဆိုပါလုပ်ဖော်ကိုင်ဖက်က သူတို့ရဲ့အလုပ်ရှင်ဟာ လက်ဖြင့် သူတို့အား ပုံမှန်အပြစ်ပေးတတ်ကြောင်း ဆိုခဲ့ပါတယ်။ထို့နောက် Lovely ရဲ့လုပ်ဖော်ကိုင်ဖက်များဟာ ရဲစခန်းအား Lovely ရဲ့အခြေအနေကိုပြောပြပြီး သူမအား ဖိလစ်ပိုင်နိုင်ငံသို့လုံခြုံစွာအိမ်ပြန်နိုင်အောင်ကူညီပေးခဲ့ကြကြောင်း

ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန (DFA) က ပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်သို့ပြန်ရောက်သွားခဲ့တဲ့ Lovely ဟာ သူမအား ကူညီပေးခဲ့သူတိုင်းကို ကျေးဇူးတင်နေခဲ့ပြီး Saudi Arabia မှာ အလုပ်လုပ်ဖို့ ထွက်ခွါသွားတဲ့ အခြားဖိလစ်ပိုင်အလုပ်သမားများနှင့်ပတ်သက်ပြီးလည်း အကူအညီတောင်းခံပေးခဲ့ပါသေးတယ်။

Credit tartay