Uncategorized












credit aungnaingthu

Unicode…

အကြိမ်ကြိမ်ဓားပြတိုက်ခံရပေမဲ့လည်း ဘဝကိုလက်မြှောက်အရှုံးမပေးတဲ့ ဒုက္ခိတ ဈေးသည်

ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်ပြည်နယ် တိုင်အောင်မြို့(Tiaong)မှာ နေထိုင်တဲ့ ကူရာဂျော့ ဘယ်လာမီနိုဆိုတဲ့ မသန်းစွမ်းလူတစ်ယောက်ကတော့ သူရဲ့ သုံးဘီးဆိုင်ကယ်လေးနဲ့ ဟင်းသီးဟင်းရွက်တွေကို လိုက်လံရောင်းချတဲ့ သူတစ်ယောက်ပါ။

မသန်မစွမ်းတဲ့ သူတစ်ယောက်ဖြစ်ပေမဲ့လည်းဘဲ ဘယ်လာမီနိုက မိသားစုကို တက်နိုင်သလောက်ဈေးရောင်းချပြီးရှာကျွေးနေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။မသန်မစွမ်းဖြစ်နေသော လူများက သာမန်လူကောင်းတွေထက်ကို အခက်အခဲနဲ့

ပိုရင်းနှီးကျပြီးတော့ သူတို့ဘဝရဲ့ အခက်အခဲတွေကို အမှုမထားဘဲနဲ့ ဘဝရပ်တည်ဖို့ အတွက် အပတ်တကုတ်ကြိုးစာတဲ့ သူတွေပါ။သို့ပေမဲ့လည်း ငွေရဖို့အတွက် ဒုက္ခိတများကိုပင် ဓားပြတိုက်တဲ့ သူတွေရှိကြပြီးတော့

၂၀၁၄ ခုနှစ်တုန်းက ဘယ်လာမီနို ကို လူ ၃ ယောက်က ဈေးဝယ်မည့်ဟန်နှင် သုံးဘီးဆိုင်ကယ်ကို တားခဲ့ပြီးတော့ ဓားပြတိုက်ခဲ့ကြတဲ့ အပြင် ဆေးရုံရောက်အောင် ရိုက်နှက်ထားခဲ့တာပါ။သူရဲ့ ဒုက္ခရောက်ခဲ့ပုံကို ကြားသိခဲ့ရတဲ့ ပါတ်ဝန်းကျင်မှ လူများက

ဘယ်လာမီနိုရဲ့ ဆေးဖိုးများအတွက် ငွေများလျှုဒါန်းပေးခဲ့ကြပြီးတော့ ဈေးပြန်လည် ရောင်းနိုင်ဖို့အတွက် အရင်းအနှီး ပြန်လည် မတည်ပေးခဲ့ကြတာပါ။ဒါပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာခံနေရတဲ့ ဘယ်လာမီနိုဟာ

၂၀၁၅ ခုနှစ်မှာလည်း သူခိုး ခိုးခံခဲ့ရပါသေးတယ်တဲ့။ကံဆိုးမှုတွေ ဆက်တိုက်ဆက်နေပေမဲ့လည်းဘဲ ဘယ်လာမီနိုဟာ သူဘဝရဲ့ အခက်အခဲ များအားလုံးကို ကျော်ဖြတ်ပြီးတော့ ဈေးပြန်ရောင်းချလျက်ရှိနေဆဲ ဖြစ်ပါတယ်နော်။

ဘယ်လာမီနိုရဲ့ ဒူပေနာပေခံနိုင်မှု ဟာ ဖိလစ်ပိုင် ဆိုရှယ်မီဒီယာ အသုံးပြုသူများကို အံ့အားသင့်စေခဲ့ပြီးတော့ ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဘယ်လာမီနိုကို လေးစားကြောင်း ပြောဆိုခဲ့တာပါ။ဘယ်လာမီနိုရဲ့ ဘဝဟာ ကျွန်တော်တို့အတွက်

စိတ်ဓာတ်ခွန်အားယူစရာဖြစ်ပြီး မသန်စွမ်းဖြစ်မှု က ဘဝရဲ့ ပန်းတိုင်တွေဆီသို့ သွားတဲ့ လမ်းကို အတားအဆီးမဖြစ်စေနိုင်ပါဘူး လို့ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဆိုခဲ့ကြတာဘဲ ဖြစ်ပါတယ်နော်။

credit aungnaingthu