Baydin

2021ခု ေသာၾကာသားသမီးမ်ား အတြက္ တစ္ႏွစ္စာေဟာစာတမ္း

2021ခုအတြက္ေသာၾကာသားသမီးမ်ား တစ္ႏွစ္စာေဟာစာတမ္း

2021ခုႏွစ္မွာေသာၾကာသားသမီးေတြဟာမႏွစ္ကကံၾကမၼာညံ့ဖ်င္းခဲ့ေပမယ့္ဒီႏွစ္ကအဆိုးေတြေတာ္ေတာ္ေလ်ာ့ပါးသြားၿပီျဖစ္ပါတယ္။မႏွစ္ကအေနအထားကို ဆင္ျခင္သုံးသပ္ၿပီးဤကာလမ်ားအတြင္း စီးပြားေရးလုပ္ငန္း မ်ားကိုသတိႏွင့္ေဆာင္႐ြက္ရမည္။

အမွားနည္းေအာင္ လုပ္တတ္ဖို႔အထူးလိုအပ္ပါတယ္။ စိတ္ကူးေကာင္းေတြ၊ အေတြး ေကာင္းေတြ ေခါင္းထဲကမထြက္ တာမ်ိဳးျဖစ္တတ္ပါတယ္။

တတ္ႏိုင္သမွ် တရားဓမၼရႈမွတ္ျခင္းႏွင့္ ေအး ခ်မ္း တဲ့ေနရာမွာခဏတာအပန္းေျဖျခင္းမ်ိဳးလုပ္ၿပီး စိတ္ကိုေျဖေလ်ာ့ေပးဖို႔လိုပါတယ္။

ေရလုပ္ငန္း၊ ေမြးျမဴေရး လုပ္ငန္း၊ ျပည္တြင္းျပည္ပ ဆက္သြယ္ေရးလုပ္ငန္းမ်ား လုပ္ျခင္း၊ ကြန္ပ်ဴတာႏွင့္ နည္းပညာမ်ားေဆာင္႐ြက္ျခင္း၊ ထီးဖိနပ္၊ အထည္အလိပ္ ေရာင္းဝယ္ျခင္း၊ စားေသာက္ကုန္ ပစၥည္းမ်ား ျဖန႔္ခ်ီျခင္းမ်ား၊

စားေသာက္ဆိုင္လုပ္ငန္း၊ ပန္းတိမ္လုပ္ငန္း၊ မုန႔္မ်ိဳးစုံလုပ္ငန္းမ်ား အထူးအက်ိဳးေပးမည္။

ဒါအျပင္အမ်ိဳးသမီးမ်ားအတြက္ ဖက္ရွင္ဆိုင္ဖြင့္ ျခင္း၊ အလွကုန္ပစၥည္း မ်ား ႏွင့္ ဖန္စီလုပ္ငန္းမ်ား အထူး အက်ိဳးေပးမည္။

ဒါေပမယ့္ဒီႏွစ္က အမ်ားနဲ႔စုေပါင္းလုပ္ကိုင္ရတာမ်ိဳးေတြနဲ႔ စပ္တူရွယ္ယာအလုပ္ေတြကဒီႏွစ္မွာ အားနည္း ေနတာကိုေတြ႕ရပါတယ္။ မိတ္ေဆြေတြနဲ႔ တိုင္ပင္လို႔ရတယ္။ ဒါေပမယ့္ တြဲလုပ္လို႔ေတာ့မရတဲ့ႏွစ္လို႔ ေျပာခ်င္ပါတယ္။

ဒီေန႔မွာခရီးေဝးကိစၥေတြ ထင္သေလာက္မေကာင္းပါ။ ႏိုင္ငံရပ္ျခားေရာက္ေနသူေတြလုပ္ငန္းခြင္ အတြင္းအႏွိမ္ခံရတတ္ပါတယ္။ ႏိုင္ငံျခားသြားဖို႔ လုပ္ကိုင္ေဆာင္႐ြက္မႈေတြ အနည္းငယ္ၾကန႔္ၾကာၿပီးမွ သြားခြင့္ ရတတ္ပါတယ္။

မိမိရည္မွန္းခ်က္မ်ားအတြက္ အေပ်ာ္အပါး လိုက္စားမႈမ်ား ေရွာင္ၾကဥ္ေပးပါ။

အထူးသျဖင့္လူငယ္ေတြသတိထားရမယ္။အေပါင္းအသင္းမွား တတ္ပါတယ္။ ေကာင္းတာလုပ္ဖို႔ထက္ မေကာင္းတာလုပ္ဖို႔တြန္းအားေပးတဲ့အေပါင္းအသင္းေတြကိုေရွာင္တတ္ဖို႔လိုပါတယ္။

အိမ္၊ ၿခံေျမ၊ အေဆာက္ အဦး အသစ္မ်ား ဝယ္မယ္ဆို နားလည္သူေတြနဲ႔ တိုင္ပင္ပါ။ ခ်င့္ခ်ိန္ပါ။အလုပ္ႏွင့္ပတ္သက္၍ ေနရာဌာန ေျပာင္းေ႐ႊ႕ ရ ျခင္း၊ မေနလိုတဲ့ေနရာမွာေနထိုင္ရျခင္း ႀကဳံေတြ႕ရႏိုင္ပါသည္။

ဝန္ထမ္း၊လခစားမ်ား အထူးသျဖင့္ေငြေၾကး ကိုင္ တြယ္ ရသူမ်ား ေငြစာရင္းေတြမွားေနတတ္ပါတယ္။ လစ္လပ္ေနတဲ့ ရာထူးေနရာေတြအတြက္ ေ႐ြးခ်ယ္တဲ့အခါ ကိုယ္ က်န္ခဲ့တာမ်ိဳးေတြျဖစ္တတ္ပါတယ္။

ကိုယ္ပိုင္လုပ္ငန္းရွင္ေတြကေတာ့ထူးျခားပါတယ္။ပင္မအလုပ္ေတြထက္ အရန္ အလုပ္ေတြ၊အျခားခ်ဲ႕ထြင္ထားတဲ့အလုပ္အေသးေလးေတြက ထူးထူးျခားျခားေအာင္ျမင္သြားႏိုင္တာကို ေတြ႕ရ ပါ တယ္။

လုပ္ငန္းကိစၥမ်ားအတြက္ ဗုဒၶဟူး၊ တနလၤာ သားသမီးမ်ားႏွင့္ ေဆာင္႐ြက္ျခင္းမ်ား အထူးဂ႐ုစိုက္ေပးရ မည္။ ၾကာသပေတး၊ စေနသားသမီးတို႔ အက်ိဳးေပးမည္။

က်န္းမာေရးတြင္ အဖ်ားအနာေရာဂါ၊ ေသြးတိုးေရာဂါ၊ မ်က္စိေရာဂါ၊ အဆစ္အျမစ္ကိုက္ခဲျခင္းေရာဂါ၊ အသည္းႏွင့္ပတ္သက္ေသာ ေရာဂါေဝဒနာမ်ား ခံစားရတတ္သည္။

က်န္းမာေရးအတြက္သတိေပးလိုသူမ်ားကေတာ့ အရက္ကိုမေသာက္ရမေနႏိုင္ျဖစ္ေနသူမ်ား ဒီႏွစ္ကအဆိုးဆုံး က်န္းမာေရး ညံ့ေစလိမ့္မယ္။ အရက္ေၾကာင့္ျဖစ္တဲ့ ေနာက္ဆက္တြဲေရာဂါေတြကိုအလူးအလဲ ခံရႏိုင္ပါတယ္။

ကိုယ္ဘာသာအရက္ကိုခ်ိန္ဆေသာက္ပါ။ အလြန္အက်ဴးမျဖစ္ရင္ ရပါၿပီ။ စီးပြားေရးကို အေျချပဳေသာခရီးမ်ား မၾကာခဏ သြားလာရတတ္သည္။

လုပ္ငန္းကိစၥႏွင့္ စပ္လ်ဥ္း၍ ကတိစကား လြဲတတ္ျခင္းေၾကာင့္ ေစ့စပ္ေသခ်ာ ေအာင္ စီမံႏိုင္မွသာ ေအာင္ျမင္မႈရမည္။ အမ်ားႏွင့္ နားလည္မႈ မလြဲေအာင္ျပဳမူဆက္ဆံသင့္ သည္။

မိသားစုအတြင္း လုပ္ကိုင္ေသာစီးပြားေရးလုပ္ငန္းမ်ားအက်ိဳးေပးမည္။ေသာၾကာနံ အလုပ္အကိုင္တို႔ အက်ိဳးေပး ညံ့ေနမည္။

အခ်စ္ေရးတြင္ ေမွ်ာ္လင့္ထားသည့္ ဖူးစာရွင္ႏွင့္ ေတြ႕ရတတ္သည္။ဒါအျပင္အြန္လိုင္းကေန ခ်စ္သူရတာမ်ိဳး၊ အေပါင္းအသင္းေတြဝိုင္းေလွာ္ၾကလို႔ ခ်စ္သူရတာမ်ိဳးေတြျဖစ္တတ္ပါတယ္။

ခ်စ္သူရွိၿပီးသား ခ်စ္သူစုံတြဲမ်ား ကေတာ့ အေသးစားျပႆနာမ်ားကို အက်ယ္ခ်ဲ႕၍ ပဋိပကၡျဖစ္ျခင္းႏွင့္ လမ္းခြဲရျခင္းမ်ား ႀကဳံေတြ႕ရတတ္သည္။

အိမ္ေထာင္ရွင္ မ်ား သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းေသာ မိသားစုဘ၀ကိုတည္ေဆာက္ႏိုင္သည္။ အိမ္ေထာင္ေရး၌ သာယာခ်မ္း ေျမ့ ေသာ္လည္း အိမ္ေထာင္ဘက္အတြက္ ေငြေၾကးကုန္က်မႈမ်ားမည္။

ႏွစ္ဖက္ေဆြမ်ိဳး သားခ်င္းမ်ားအတြက္ ေငြေၾကးႏွင့္ လူမႈေရးအပူေသာကမ်ား ဝင္လာတတ္သည္။အရာရာေခါင္းမာေနတဲ့ ေျပာဆိုရခက္ေနတဲ့အိမ္ေထာင္ ဘက္ကိုေတာ့ နားဝင္ေအာင္ေျပာႏိုင္ဖို႔လိုပါတယ္။

ပညာေရးတြင္ မိမိရည္မွန္းခ်က္ ေအာင္ျမင္မႈမ်ား ဆြတ္ ခူးႏိုင္မည္။ သို႔ေသာ္ စာေမးပြဲေျဖဆိုရာတြင္ အေႏွာက္အယွက္၊ အခက္အခဲမ်ား ဝင္လာတတ္ သည္။

ပညာေရးတြင္ အထူးေကာင္းမြန္၍ စက္မႈလက္မႈပညာ၊ ေဆာက္လုပ္ေရးပညာ၊စစ္ဘက္ႏွင့္ ေဆးဘက္ဆိုင္ရာပညာ၊စာရင္းအင္း ပညာမ်ားေလ့လာသင္ယူလို႔ေကာင္းတဲ့ ႏွစ္တစ္ခုပဲျဖစ္ပါတယ္။

အက်ိဳးေပးဂဏန္း….၁/၃/၉/၆

အက်ိဳးေပးအကၡရာ….အ၊စ၊ည၊သ

အက်ိဳးေပးအေရာင္…ၾကက္ေသြးေရာင္၊ေရာယွက္အေရာင္၊သနပ္ခါးေရာင္

တစ္ႏွစ္စာယၾတာ….တတ္ႏိုင္သ၍ ေအာက္လက္ငယ္သားေတြ၊ကိုယ္ေအာက္ဝန္ထမ္းေတြကို ဆန္၊ဆီ ေထာက္ပံ့ပါ။ ႏြမ္းပါးသူေတြကို….ေဆးလႉပါ။ လွ်ပ္စစ္ပစၥည္းမ်ား ဘုန္းႀကီးေက်ာင္းေတြမွာလႉေပးပါ။

ေသာၾကာသားသမီးမ်ားအားလုံး တစ္ႏွစ္တာအတြင္း ကံေကာင္းျခင္းေတြကို ရယူပိုင္ဆိုင္ႏိုင္ၾကပါေစ။

ဆရာၿငိမ္းေအးလူ လက္ဆန္းေဗဒင္သုေတသီ 09775555695 09445555695

Unicode

2021ခုအတွက်သောကြာသားသမီးများ တစ်နှစ်စာဟောစာတမ်း

2021ခုနှစ်မှာသောကြာသားသမီးတွေဟာမနှစ်ကကံကြမ္မာညံ့ဖျင်းခဲ့ပေမယ့်ဒီနှစ်ကအဆိုးတွေတော်တော်လျော့ပါးသွားပြီဖြစ်ပါတယ်။မနှစ်ကအနေအထားကို ဆင်ခြင်သုံးသပ်ပြီးဤကာလများအတွင်း စီးပွားရေးလုပ်ငန်း များကိုသတိနှင့်ဆောင်ရွက်ရမည်။

အမှားနည်းအောင် လုပ်တတ်ဖို့အထူးလိုအပ်ပါတယ်။ စိတ်ကူးကောင်းတွေ၊ အတွေး ကောင်းတွေ ခေါင်းထဲကမထွက် တာမျိုးဖြစ်တတ်ပါတယ်။

တတ်နိုင်သမျှ တရားဓမ္မရှုမှတ်ခြင်းနှင့် အေး ချမ်း တဲ့နေရာမှာခဏတာအပန်းဖြေခြင်းမျိုးလုပ်ပြီး စိတ်ကိုဖြေလျော့ပေးဖို့လိုပါတယ်။

ရေလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ခြင်း၊ ကွန်ပျူတာနှင့် နည်းပညာများဆောင်ရွက်ခြင်း၊ ထီးဖိနပ်၊ အထည်အလိပ် ရောင်းဝယ်ခြင်း၊ စားသောက်ကုန် ပစ္စည်းများ ဖြန့်ချီခြင်းများ၊

စားသောက်ဆိုင်လုပ်ငန်း၊ ပန်းတိမ်လုပ်ငန်း၊ မုန့်မျိုးစုံလုပ်ငန်းများ အထူးအကျိုးပေးမည်။

ဒါအပြင်အမျိုးသမီးများအတွက် ဖက်ရှင်ဆိုင်ဖွင့် ခြင်း၊ အလှကုန်ပစ္စည်း များ နှင့် ဖန်စီလုပ်ငန်းများ အထူး အကျိုးပေးမည်။

ဒါပေမယ့်ဒီနှစ်က အများနဲ့စုပေါင်းလုပ်ကိုင်ရတာမျိုးတွေနဲ့ စပ်တူရှယ်ယာအလုပ်တွေကဒီနှစ်မှာ အားနည်း နေတာကိုတွေ့ရပါတယ်။ မိတ်ဆွေတွေနဲ့ တိုင်ပင်လို့ရတယ်။ ဒါပေမယ့် တွဲလုပ်လို့တော့မရတဲ့နှစ်လို့ ပြောချင်ပါတယ်။

ဒီနေ့မှာခရီးဝေးကိစ္စတွေ ထင်သလောက်မကောင်းပါ။ နိုင်ငံရပ်ခြားရောက်နေသူတွေလုပ်ငန်းခွင် အတွင်းအနှိမ်ခံရတတ်ပါတယ်။ နိုင်ငံခြားသွားဖို့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အနည်းငယ်ကြန့်ကြာပြီးမှ သွားခွင့် ရတတ်ပါတယ်။

မိမိရည်မှန်းချက်များအတွက် အပျော်အပါး လိုက်စားမှုများ ရှောင်ကြဉ်ပေးပါ။

အထူးသဖြင့်လူငယ်တွေသတိထားရမယ်။အပေါင်းအသင်းမှား တတ်ပါတယ်။ ကောင်းတာလုပ်ဖို့ထက် မကောင်းတာလုပ်ဖို့တွန်းအားပေးတဲ့အပေါင်းအသင်းတွေကိုရှောင်တတ်ဖို့လိုပါတယ်။

အိမ်၊ ခြံမြေ၊ အဆောက် အဦး အသစ်များ ဝယ်မယ်ဆို နားလည်သူတွေနဲ့ တိုင်ပင်ပါ။ ချင့်ချိန်ပါ။အလုပ်နှင့်ပတ်သက်၍ နေရာဌာန ပြောင်းရွှေ့ ရ ခြင်း၊ မနေလိုတဲ့နေရာမှာနေထိုင်ရခြင်း ကြုံတွေ့ရနိုင်ပါသည်။

ဝန်ထမ်း၊လခစားများ အထူးသဖြင့်ငွေကြေး ကိုင် တွယ် ရသူများ ငွေစာရင်းတွေမှားနေတတ်ပါတယ်။ လစ်လပ်နေတဲ့ ရာထူးနေရာတွေအတွက် ရွေးချယ်တဲ့အခါ ကိုယ် ကျန်ခဲ့တာမျိုးတွေဖြစ်တတ်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းရှင်တွေကတော့ထူးခြားပါတယ်။ပင်မအလုပ်တွေထက် အရန် အလုပ်တွေ၊အခြားချဲ့ထွင်ထားတဲ့အလုပ်အသေးလေးတွေက ထူးထူးခြားခြားအောင်မြင်သွားနိုင်တာကို တွေ့ရ ပါ တယ်။

လုပ်ငန်းကိစ္စများအတွက် ဗုဒ္ဓဟူး၊ တနင်္လာ သားသမီးများနှင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးရ မည်။ ကြာသပတေး၊ စနေသားသမီးတို့ အကျိုးပေးမည်။

ကျန်းမာရေးတွင် အဖျားအနာရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ အဆစ်အမြစ်ကိုက်ခဲခြင်းရောဂါ၊ အသည်းနှင့်ပတ်သက်သော ရောဂါဝေဒနာများ ခံစားရတတ်သည်။

ကျန်းမာရေးအတွက်သတိပေးလိုသူများကတော့ အရက်ကိုမသောက်ရမနေနိုင်ဖြစ်နေသူများ ဒီနှစ်ကအဆိုးဆုံး ကျန်းမာရေး ညံ့စေလိမ့်မယ်။ အရက်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေကိုအလူးအလဲ ခံရနိုင်ပါတယ်။

ကိုယ်ဘာသာအရက်ကိုချိန်ဆသောက်ပါ။ အလွန်အကျူးမဖြစ်ရင် ရပါပြီ။ စီးပွားရေးကို အခြေပြုသောခရီးများ မကြာခဏ သွားလာရတတ်သည်။

လုပ်ငန်းကိစ္စနှင့် စပ်လျဉ်း၍ ကတိစကား လွဲတတ်ခြင်းကြောင့် စေ့စပ်သေချာ အောင် စီမံနိုင်မှသာ အောင်မြင်မှုရမည်။ အများနှင့် နားလည်မှု မလွဲအောင်ပြုမူဆက်ဆံသင့် သည်။

မိသားစုအတွင်း လုပ်ကိုင်သောစီးပွားရေးလုပ်ငန်းများအကျိုးပေးမည်။သောကြာနံ အလုပ်အကိုင်တို့ အကျိုးပေး ညံ့နေမည်။

အချစ်ရေးတွင် မျှော်လင့်ထားသည့် ဖူးစာရှင်နှင့် တွေ့ရတတ်သည်။ဒါအပြင်အွန်လိုင်းကနေ ချစ်သူရတာမျိုး၊ အပေါင်းအသင်းတွေဝိုင်းလှော်ကြလို့ ချစ်သူရတာမျိုးတွေဖြစ်တတ်ပါတယ်။

ချစ်သူရှိပြီးသား ချစ်သူစုံတွဲများ ကတော့ အသေးစားပြဿနာများကို အကျယ်ချဲ့၍ ပဋိပက္ခဖြစ်ခြင်းနှင့် လမ်းခွဲရခြင်းများ ကြုံတွေ့ရတတ်သည်။

အိမ်ထောင်ရှင် များ သာယာပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝကိုတည်ဆောက်နိုင်သည်။ အိမ်ထောင်ရေး၌ သာယာချမ်း မြေ့ သော်လည်း အိမ်ထောင်ဘက်အတွက် ငွေကြေးကုန်ကျမှုများမည်။

နှစ်ဖက်ဆွေမျိုး သားချင်းများအတွက် ငွေကြေးနှင့် လူမှုရေးအပူသောကများ ဝင်လာတတ်သည်။အရာရာခေါင်းမာနေတဲ့ ပြောဆိုရခက်နေတဲ့အိမ်ထောင် ဘက်ကိုတော့ နားဝင်အောင်ပြောနိုင်ဖို့လိုပါတယ်။

ပညာရေးတွင် မိမိရည်မှန်းချက် အောင်မြင်မှုများ ဆွတ် ခူးနိုင်မည်။ သို့သော် စာမေးပွဲဖြေဆိုရာတွင် အနှောက်အယှက်၊ အခက်အခဲများ ဝင်လာတတ် သည်။

ပညာရေးတွင် အထူးကောင်းမွန်၍ စက်မှုလက်မှုပညာ၊ ဆောက်လုပ်ရေးပညာ၊စစ်ဘက်နှင့် ဆေးဘက်ဆိုင်ရာပညာ၊စာရင်းအင်း ပညာများလေ့လာသင်ယူလို့ကောင်းတဲ့ နှစ်တစ်ခုပဲဖြစ်ပါတယ်။

အကျိုးပေးဂဏန်း….၁/၃/၉/၆

အကျိုးပေးအက္ခရာ….အ၊စ၊ည၊သ

အကျိုးပေးအရောင်…ကြက်သွေးရောင်၊ရောယှက်အရောင်၊သနပ်ခါးရောင်

တစ်နှစ်စာယတြာ….တတ်နိုင်သ၍ အောက်လက်ငယ်သားတွေ၊ကိုယ်အောက်ဝန်ထမ်းတွေကို ဆန်၊ဆီ ထောက်ပံ့ပါ။ နွမ်းပါးသူတွေကို….ဆေးလှူပါ။ လျှပ်စစ်ပစ္စည်းများ ဘုန်းကြီးကျောင်းတွေမှာလှူပေးပါ။

သောကြာသားသမီးများအားလုံး တစ်နှစ်တာအတွင်း ကံကောင်းခြင်းတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။

ဆရာငြိမ်းအေးလူ လက်ဆန်းဗေဒင်သုတေသီ 09775555695 09445555695