#Credit to Unknown
Unicode
ကားအသစ်ဝယ်တော့မှာလား တိတ်တိတ်နေပါ ရာထူးတိုးတော့မှာလား တိတ်တိတ်နေပါ
အိမ်ဝယ်တော့ မှာလား တိတ်တိတ်နေပါ
ကားအသစ် ဝယ်တော့ မှာလား တိတ်တိတ်နေပါ
အိမ်ထောင်ပြုတော့ မှာလား တိတ်တိတ်နေပါ
အပန်းဖြေခရီးထွက်တော့ မှာလား၊ တိတ်တိတ်နေပါ
ကျောင်းတက်တော့ မှာလား တိတ်တိတ်နေပါ
ရာထူးတိုးတော့ မှာလားတိတ်တိတ်နေပါ
ကျွန်တော်တို့ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ၊ အကောင်အထည် ပေါ်လုပေါ်ခင် အချိန်မျိုးမှာ
ကိုယ့်အကျိုး မလိုလားတဲ့ မိတ်ဆွေတုတွေကို သွားပြောမိတဲ့အတွက် မျှော်လင့်ထားတာတွေ ပျက်စီးတတ်ပါတယ်…
‘မိတ်ဆွေပါ’ ဆိုတဲ့ ကိုယ့်ထက်သာ မနာလိုသူတွေရဲ့ ကွက်ကျော်ရိုက်မှု၊ ကုလားဖန်ထိုးမှုကြောင့်
ရည်မှန်းချက် အိပ်မက်တွေကို လက်တစ်ကမ်း အလိုလောက်မှာ လက်လွှတ် ဆုံးရှုံးရတတ်ပါတယ်…
ဒါ့ကြောင့် …. ဆိတ်ဆိတ်နေခြင်းသည်သာ အကောင်းဆုံးပါ၊
မိတ်ဆွေအပေါင်းအသင်း အများစုဟာ သင်အခြေအနေ ကောင်းတာကို မြင်ချင်ကြပေမယ့်
သူတို့ထက် သာသွားမှာကိုတော့ ကြောက်ရွံ့တတ်ကြပါတယ်၊
တစ်အူတုံဆင်း မိသားစုတွေမှာတောင် လူမသိ၊ သူမသိ မနာလိုမှုဆိုတာ ရှိတတ်စမြဲပါ…
#Credit to Unknown