LocalNews

မႏၲေလးမွာ အားျဖည့္အခ်ိဳရည္အတု ျပဳလုပ္ေနတဲ့ေနရာကို ဝင္ေရာက္ဖမ္းဆီး

မႏၲေလးမွာ အားျဖည့္အခ်ိဳရည္ အတု ျပဳလုပ္ေနတဲ့ေနရာကို ဝင္ေရာက္ဖမ္းဆီး


မႏၲေလး၊ ေအာင္ေျမသာစံၿမိဳ႕နယ္မွာ အားျဖည့္အခ်ိဳရည္ အတုျပဳလုပ္ေနမႈအား ေဖာ္ထုတ္ဖမ္းဆီးျခင္းကိုေတာ့ ဇန္နဝါရီ၁၄ရက္ည ၉နာရီ၁၅မိနစ္က ေဒါနဘြားရပ္ ကြက္၊ အကြက္(၁၀)၊ ၁၆လမ္းႏွင့္၁၇လမ္းၾကား၊ ၆၂ လမ္းရွိ အေရာင္းအဝယ္လုပ္ကိုင္သူ

ဦးပီကူးမား(ဘ) ဦးေက့စ္ဗဟာဒူး၊ အသက္၆၅ႏွစ္၏ေနအိမ္မွာ အား ျဖည့္အခ်ိဳရည္မ်ား အတုျပဳလုပ္ေနေၾကာင္းကို သတင္းအရ ရွာေဖြေဖာ္ထုတ္ စစ္ေဆးခဲ့တာပါ။အဆိုပါေဖာ္ထုတ္စစ္ေဆးရာမွာ မႏၲေလးတိုင္းေဒသႀကီး မႈခင္းအကူဌာနစုက

ရဲအုပ္ထြန္းထြန္းႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ မႏၲေလးခ႐ိုင္ မႈခင္းႏွိမ္ႏွင္းေရးဌာနစိတ္မွ ရဲအုပ္ျမစိုးႏွင့္တပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး ေက်ာ္ဇင္ျမင့္၊ အမွတ္(၁)နယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ေအးလြင္၊ နယ္ထိန္းအရာရွိ ဒုတိယရဲအုပ္ ေအာင္ေက်ာ္မ်ိဳးႏွင့္


နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ား၊အစား အေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနခြဲ (မႏၲ ေလး)မွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာေအး ၿငိမ္းျမတ္၊ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးစိုင္းဘုန္းျမင့္ေက်ာ္ႏွင့္ဝန္ထမ္းမ်ား၊ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ

ဦးစီးအရာရွိ ေဒါက္တာၿဖိဳးေဝေမာင္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးခ်စ္ေအာင္ႏွင့္ ရာအိမ္မႉးမ်ားကပူးေပါင္းၿပီးေတာ့ ဦးပီကူးမား၏ ေနအိမ္သို႔ဝင္ေရာက္ရွာေဖြ စစ္ေဆးၾကတာပါ။ထိုသို႔ရွာေဖြစစ္ေဆးရာတြင္ ဦးပီကူးမား၏

ေနအိမ္တိုက္ခန္းအေပၚထပ္၄လႊာတြင္ အားျဖည့္အခ်ိဳရည္ထုတ္လုပ္ရာတြင္ အသုံးျပဳေသာ ဘြိဳင္လာအိုး(၃)လုံး၊ ေဖ်ာ္စပ္ရာတြင္ အသုံးျပဳသည့္ ေလွာင္ကန္အႀကီးတစ္ခုႏွင့္ အခ်ိဳရည္အတုျပဳလုပ္ရာတြင္ အသုံးျပဳတဲ့ ဆက္စပ္ပစၥည္းမ်ားအား


ရွာေဖြစစ္ေဆးေတြ႕ရွိခဲ့တာေၾကာင့္ ဆက္လက္စစ္ေဆးေဆာင္႐ြက္လ်က္ရွိၿပီးေတာ့ အမႈဖြင့္လွစ္ႏိုင္ရန္ တာဝန္ရွိသူမ်ားက စီစဥ္ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း သိရပါတယ္

ေဇာ္လင္းဦး( ေအာင္စံ)IPRD (Aung Myay Thar San)

Unicode

မန္တလေးမှာ အားဖြည့်အချိုရည် အတု ပြုလုပ်နေတဲ့နေရာကို ဝင်ရောက်ဖမ်းဆီး


မန္တလေး၊ အောင်မြေသာစံမြို့နယ်မှာ အားဖြည့်အချိုရည် အတုပြုလုပ်နေမှုအား ဖော်ထုတ်ဖမ်းဆီးခြင်းကိုတော့ ဇန်နဝါရီ၁၄ရက်ည ၉နာရီ၁၅မိနစ်က ဒေါနဘွားရပ် ကွက်၊ အကွက်(၁၀)၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊ ၆၂ လမ်းရှိ အရောင်းအဝယ်လုပ်ကိုင်သူ

ဦးပီကူးမား(ဘ) ဦးကေ့စ်ဗဟာဒူး၊ အသက်၆၅နှစ်၏နေအိမ်မှာ အား ဖြည့်အချိုရည်များ အတုပြုလုပ်နေကြောင်းကို သတင်းအရ ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့တာပါ။အဆိုပါဖော်ထုတ်စစ်ဆေးရာမှာ မန္တလေးတိုင်းဒေသကြီး မှုခင်းအကူဌာနစုက

ရဲအုပ်ထွန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲအုပ်မြစိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇင်မြင့်၊ အမှတ်(၁)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အေးလွင်၊ နယ်ထိန်းအရာရှိ ဒုတိယရဲအုပ် အောင်ကျော်မျိုးနှင့်

နယ်ထိန်းတပ်ဖွဲ့ဝင်များ၊အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တ လေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေး ငြိမ်းမြတ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဘုန်းမြင့်ကျော်နှင့်ဝန်ထမ်းများ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ

ဦးစီးအရာရှိ ဒေါက်တာဖြိုးဝေမောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်အောင်နှင့် ရာအိမ်မှူးများကပူးပေါင်းပြီးတော့ ဦးပီကူးမား၏ နေအိမ်သို့ဝင်ရောက်ရှာဖွေ စစ်ဆေးကြတာပါ။ထိုသို့ရှာဖွေစစ်ဆေးရာတွင် ဦးပီကူးမား၏

နေအိမ်တိုက်ခန်းအပေါ်ထပ်၄လွှာတွင် အားဖြည့်အချိုရည်ထုတ်လုပ်ရာတွင် အသုံးပြုသော ဘွိုင်လာအိုး(၃)လုံး၊ ဖျော်စပ်ရာတွင် အသုံးပြုသည့် လှောင်ကန်အကြီးတစ်ခုနှင့် အချိုရည်အတုပြုလုပ်ရာတွင် အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများအား

ရှာဖွေစစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီးတော့ အမှုဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရပါတယ်

ဇော်လင်းဦး( အောင်စံ)IPRD (Aung Myay Thar San)