LocalNews
လမ်းပေါ်တွင် ရေချိုးအရွဲ့တိုက်တဲ့ ကရင်မိန်းကလေးကြောင့် ခရိုင်ဝန်မှလမ်းပြင်ရန်အမိန့်ထုတ်
Source: dvb
Credit အောင်နိုင်သူ
Unicode
လမ်းပေါ်တွင် ရေချိုးအရွဲ့တိုက်သည့်ကရင်မိန်းကလေးကြောင့် ခရိုင်ဝန်မှလမ်းပြင်ရန်အမိန့်ထုတ်
ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လမတ်မြို့နယ်မှာ ပျက်စီးနေတဲ့ လမ်းပေါ်ရေချိုးပြီးတော့ အရွဲ့တိုက်သော ကရင်မိန်းကလေးတဦးကြောင့်ဘဲ ခရိုင်ဝန်ကနေ အဆိုပါလမ်းကို အမြန်ဆုံးပြုပြင်ဖို့ အမိန့် ထုတ်လိုက်တယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ
ဖော်ပြခဲ့တာပါ။မယ်လမတ်မြို့နယ်၊ ဖရထတ်ကျေးရွာအုပ်စု ဘန့်တိန်ထတ်ရွာမှ အသက် ၂၂ နှစ်ရွယ်ရှိတဲ့ ပါရမီ ခေါ် နန်းဆောင်အထိချား ကုဆွန်တကွန်းဖတ် ဆိုတဲ့ မိန်းကလေးက ဘန်ကောက်မှာ အလုပ်သွားလုပ်ပြီး ရွာအပြန်လမ်းမှာ
ချိုင့်ခွက်တွေ ဖြစ်နေတာကို တွေ့လို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးတော့ ထဘီရင်ရှားနဲ့ ချိုင့်ခွက်က ရေအိုင်လေးမှာ ရေချိုးတဲ့ဓာတ်ပုံ ရိုက်ကူးပြီးတော့ လူမှုကွန်ရက်ကနေတဆင့် သူ့သူငယ်ချင်းနဲ့ ကရင်လူမျိုးအသိုင်းအဝိုင်းတွေကြားမှာ
ဖြန့်ဝေခဲ့တာလို့ သူမရဲ့ အဒေါ်ဖြစ်သူက ပြောခဲ့တာပါ။မယ်လမတ်မြို့နယ်၊ ဖရထတ်ကျေးရွာအုပ်စု ဘန့်တိန်ထတ်ရွာက အသက် ၂၂ နှစ်ရွယ် ပါရမီ ခေါ် နန်းဆောင်အထိချား ကုဆွန်တကွန်းဖတ် ဆိုတဲ့ မိန်းကလေးက ဘန်ကောက်မှာ
အလုပ်သွားလုပ်ပြီးတော့ ရွာအပြန်လမ်းမှာ ချိုင့်ခွက်တွေ တွေ့တာမို့ သူမရဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးတော့ ထဘီရင်ရှားနဲ့ ချိုင့်ခွက်က ရေအိုင်လေးမှာ ရေချိုးတဲ့ဓာတ်ပုံ ရိုက်ကူးပြီး လူမှုကွန်ရက်ကနေတဆင့် သူ့သူငယ်ချင်းနဲ့
ကရင်လူမျိုးအသိုင်းအဝိုင်းတွေကြားမှာ ဖြန့်ဝေခဲ့တာပါ။ချိုင့်ခွက်တွေဟာ ရွာအဝင်လမ်းမပေါ်မှာရှိပြီးတော့နှစ်တွေကြာခဲ့ပေမယ့်လည်း သက်ဆိုင်ရာက လာရောက်ပြုပြင်ပေးတာ မရှိကြောင်းနဲ့ မတော်တဆထိခိုက်မှုလည်း
မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်နော်။လမ်းပေါ်ရေချိုးနေတဲ့ပုံ လူမှုကွန်ရက်မှာ ပြန့်ပြီးတဲ့နောက် ဝေဖန်မှုတွေ မြင့်တက်ပြီးတော့ မကြာခင်မှာပဲ ခရိုင်ဝန်မှ
ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်မှူးတွေကို ခေါ်ယူမေးမြန်းကာ အဆိုပါ လမ်းကို စစ်ဆေးပြီး အမြန်ဆုံးပြုပြင်ဖို့ ညွှန်ကြားလိုက်တယ်လို့ သတင်းမှာ ဖော်ပြခဲ့တာဘဲ ဖြစ်ပါတယ်နော်။
Source: dvb
Credit အောင်နိုင်သူ