Knowledge

ႏို႔ဗူးအား တစ္ခ်ိန္လုံး စို႔တက္တဲ့ အက်င့္ေၾကာင့္ သြား ၁၈ ေခ်ာင္းေတာင္ ႏႈတ္ပစ္ခဲ့ရရွာတဲ့ ၄ ႏွစ္သား ကေလး

အ႐ြယ္မေရာက္ေသးတဲ့ကေလးေတြရွိတဲ့ မိဘေတြ အထူးသတိျပဳၾကဖို႔ သြားဆရာဝန္ႀကီးကိုယ္တိုင္ လူမႈကြန္ယက္မွာ ေဖာ္ျပေပးခဲ့တဲ့ သတင္းတစ္ပုဒ္ျဖစ္ပါတယ္။ ႏို႔ဗူးကို တစ္ခ်ိန္လုံးပါးစပ္ကမခ် စို႔ေနတဲ့အေက်င့္ေၾကာင့္ ကေလးရဲသြားေတြဟာ ပိုးစားေဆြးေျမ့ၿပီး ၁၈ ေခ်ာင္းတိတိတစ္ခ်ိန္ထဲမွာ

ႏႈတ္ခဲ့ရတာဟာ သူ႔ရဲ႕လုပ္သက္တစ္ေလွ်ာက္ ဒါပထမဦးဆုံးအႀကိမ္ ႀကဳံဖူးတာျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ ဖူခက္အေျခစိုက္ သြားေဆးခန္းဆရာဝန္ႀကီးက ေဖာ္ျပခဲ့ပါတယ္။ မိခင္ျဖစ္သူက ကေလးသြားပိုးစားလို႔ ေဆး႐ုံကိုလာျပတဲ့အခ်ိန္မွာ သူနာျပဳေတြကစစ္ေဆးၿပီးခဲ့ရာမွာသြားေတြရဲ႕ဆိုး႐ြားတဲ့

အေျခအေနေၾကာင့္ထိတ္လန႔္ၿပီးခ်က္ျခင္းအေရးေပၚ ကုသမႈလုပ္ေပးခဲ့ရပါတယ္။ တစ္နာရီေက်ာ္ၾကာလုပ္ကိုင္ခဲ့ရၿပီးထုံေဆး ၁၄ ႀကိမ္ ထိုးေပးခဲ့ရကာ သြား ၁၈ ေခ်ာင္းတိတိႏႈတ္ခဲ့ရပါတယ္။ ျဖစ္စဥ္ကိုေမးၾကည့္တဲ့အခါမွာေတာ့ ကေလးဟာ ၁ ႏွစ္သားေလာက္မွာအစာအိမ္တုပ္ေကြး

ျဖစ္တာေၾကာင့္ ဆရာဝန္တစ္ဦးကႏို႔အစား ပဲႏို႔ရည္တိုက္လို႔ ၫႊန္ၾကားတဲ့အတြက္ ပဲႏို႔ရည္ကို ႏို႔ဗူးထဲထည့္ၿပီး ေတာက္ေလွ်ာက္တိုက္ခဲ့ပါတယ္။ ပဲႏို႔ရည္တိုက္ၿပီး သိပ္မၾကာခင္မွာကေလးရဲ႕သြားေတြဝါလာပါတယ္။ မိခင္ကသြားတိုက္ေပးဖို႔လုပ္ေပမယ့္ ကေလးရဲ႕သြားေတြကေသြးယိုၿပီး

နာက်င္တာေၾကာင့္ ေနာက္ဆုံးမွာမိခင္ကလက္ေလွ်ာ့ခဲ့ပါတယ္။ ဒါ့အျပင္ငယ္သြားလဲမွာမို႔ ျဖစ္တယ္ထင္ၿပီး ေစာင့္ၾကည့္ေနခဲ့ရာကေန အေျခအေနပိုဆိုးလာတာျဖစ္ပါတယ္။ သြားဆရာဝန္ Sathian Suravisankul ကမိဘေတြအေနနဲ႔ကေလးေတြသြားပိုးစားတာကိုသတိထားသင့္ေၾကာင့္သြားပိုးက

တစ္ဆင့္ ေရာဂါပိုးေတြေပါက္ပြားလာၿပီးတစ္သက္တာသြားျပန္မေပါက္ႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္ႏိုင္ေၾကာင္း ႏႈိးေဆာ္ထားပါတယ္။ “ကေလးရဲ႕သြား ၁၈ ေခ်ာင္းႏႈတ္လိုက္ရတာကေတာ့သူ႔ခံတြင္းတစ္ခုလုံးက


သြားေတြ ကိုက္ခဲေနၿပီး အျခားေ႐ြးစရာလမ္းမရွိေတာ့လို႔ပါ” လို႔ ရွင္းျပထားပါတယ္။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္

Credit mmrenews

Unicode

အရွယ်မရောက်သေးတဲ့ကလေးတွေရှိတဲ့ မိဘတွေ အထူးသတိပြုကြဖို့ သွားဆရာဝန်ကြီးကိုယ်တိုင် လူမှုကွန်ယက်မှာ ဖော်ပြပေးခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ နို့ဗူးကို တစ်ချိန်လုံးပါးစပ်ကမချ စို့နေတဲ့အကျေင့်ကြောင့် ကလေးရဲသွားတွေဟာ ပိုးစားဆွေးမြေ့ပြီး ၁၈ ချောင်းတိတိတစ်ချိန်ထဲမှာ

နှုတ်ခဲ့ရတာဟာ သူ့ရဲ့လုပ်သက်တစ်လျှောက် ဒါပထမဦးဆုံးအကြိမ် ကြုံဖူးတာဖြစ်ကြောင်း ထိုင်းနိုင်ငံ ဖူခက်အခြေစိုက် သွားဆေးခန်းဆရာဝန်ကြီးက ဖော်ပြခဲ့ပါတယ်။ မိခင်ဖြစ်သူက ကလေးသွားပိုးစားလို့ ဆေးရုံကိုလာပြတဲ့အချိန်မှာ သူနာပြုတွေကစစ်ဆေးပြီးခဲ့ရာမှာသွားတွေရဲ့ဆိုးရွားတဲ့

အခြေအနေကြောင့်ထိတ်လန့်ပြီးချက်ခြင်းအရေးပေါ် ကုသမှုလုပ်ပေးခဲ့ရပါတယ်။ တစ်နာရီကျော်ကြာလုပ်ကိုင်ခဲ့ရပြီးထုံဆေး ၁၄ ကြိမ် ထိုးပေးခဲ့ရကာ သွား ၁၈ ချောင်းတိတိနှုတ်ခဲ့ရပါတယ်။ ဖြစ်စဉ်ကိုမေးကြည့်တဲ့အခါမှာတော့ ကလေးဟာ ၁ နှစ်သားလောက်မှာအစာအိမ်တုပ်ကွေး

ဖြစ်တာကြောင့် ဆရာဝန်တစ်ဦးကနို့အစား ပဲနို့ရည်တိုက်လို့ ညွှန်ကြားတဲ့အတွက် ပဲနို့ရည်ကို နို့ဗူးထဲထည့်ပြီး တောက်လျှောက်တိုက်ခဲ့ပါတယ်။ ပဲနို့ရည်တိုက်ပြီး သိပ်မကြာခင်မှာကလေးရဲ့သွားတွေဝါလာပါတယ်။ မိခင်ကသွားတိုက်ပေးဖို့လုပ်ပေမယ့် ကလေးရဲ့သွားတွေကသွေးယိုပြီး

နာကျင်တာကြောင့် နောက်ဆုံးမှာမိခင်ကလက်လျှော့ခဲ့ပါတယ်။ ဒါ့အပြင်ငယ်သွားလဲမှာမို့ ဖြစ်တယ်ထင်ပြီး စောင့်ကြည့်နေခဲ့ရာကနေ အခြေအနေပိုဆိုးလာတာဖြစ်ပါတယ်။ သွားဆရာဝန် Sathian Suravisankul ကမိဘတွေအနေနဲ့ကလေးတွေသွားပိုးစားတာကိုသတိထားသင့်ကြောင့်သွားပိုးက

တစ်ဆင့် ရောဂါပိုးတွေပေါက်ပွားလာပြီးတစ်သက်တာသွားပြန်မပေါက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ကြောင်း နှိုးဆော်ထားပါတယ်။ “ကလေးရဲ့သွား ၁၈ ချောင်းနှုတ်လိုက်ရတာကတော့သူ့ခံတွင်းတစ်ခုလုံးက

သွားတွေ ကိုက်ခဲနေပြီး အခြားရွေးစရာလမ်းမရှိတော့လို့ပါ” လို့ ရှင်းပြထားပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်

Credit mmrenews

Share this: